Saturday, November 19, 2016

အလုံပိတ်ခန်း တရားစွဲတင်ခဲ့ရာ ဒါဏ်ငွေ ၄၀၀၀၀၀ (လေးသိန်း) ကျပ် ချမှတ်


၁၈၊၁၁၊၂၀၁၆ရက်နေ့ ၁၃၀၀အချိန် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ အကွက်၄၅၊ ၁၉လမ်းနှင့်သံလမ်းအနီးရှိ garden အအေးဆိုင်တွင် အလုံပိတ်အခန်းများပြုလုပ်၍ အချိန်ပိုင်း အခကြေးငွေ ရယူဆောင်ရွက်နေကြောင်း သတင်းအရ စည်ပင်သာယာရဲတပ်ဖွဲ့၊ ဒေါနဘွားရပ်ကွက်အုပ်ချုပ်ရေးမူး၊  စည်ပင်ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စစ်ဆေးအရေးယူခဲ့ပါသည်။ လုပ်ငန်းလုပ်ကိုင်သူ လိုင်မင်းထွန်းအား စည်ပင်ဥပဒေပုဒ်မ၁၁၈၊ ရာကြီးအမှတ်၆၆၈၇၊ ၁၆ဖြင့် စည်ပင်သာယာတရားရုံးသို့ တရားစွဲတင်ခဲ့ရာ ဒါဏ်ငွေ ၄၀၀၀၀၀ကျပ် ချမှတ်ခဲ့ပါသည်။

No comments:

Post a Comment