Sunday, November 20, 2016

တရုတ်နိုင်ငံထဲမှ ပြတ်ရွေ့တစ်ခုကြောင့် မြစ်ကြီးနားတွင် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်


မြန်မာနယ်စပ်နှင့် နီးကပ်နေသော တရုတ်နိုင်ငံထဲမှ ပြတ် ရွေ့တစ်ခု လှုပ်ရှားမှုကြောင့် မြစ် ကြီးနားမြို့တွင် ပြင်းအား ရစ်ခ်ျ တာစကေး ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။   မြစ်ကြီးနားမြို့ အရှေ့ မြောက်ဘက် မိုင် ၉၀ ခန့်အကွာကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော အဆိုပါငလျင်သည် နိုဝင်ဘာ ၁၇ ရက် နေ့လယ်က လှုပ်ခတ်ပြီး ထိခိုက်ပျက်စီးမှုမရှိဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာ ချထားရေးဦးစီးဌာနမှ သတင်း ရရှိသည်။   မြစ်ကြီးနားမြို့ အရှေ့ မြောက်ဘက် မိုင် ၉၀ ခန့်အကွာ သည် မြန်မာ-တရုတ်နယ်စပ်တွင် တည်ရှိပြီး တရုတ်နိုင်ငံဘက်ခြမ်း မှ မြစ်နီမြစ် ပြတ်ရွေ့ (Red River Fault)လှုပ်ရှားမှုကြောင့် ငလျင် လှုပ်ခြင်းဖြစ်ကြောင်း ဘူမိဗေဒ ပညာရှင် ဒေါက်တာကျော်ထွန်းက ပြောသည်။   မြစ်နီမြစ် ပြတ်ရွေ့သည် မြန်မာနိုင်ငံမှ စစ်ကိုင်းပြတ်ရွေ့ကဲ့ သို့ လှုပ်ရှားမှုရှိသော ပြတ်ရွေ့ တစ်ခုဖြစ်ကြောင်း ဒေါက်တာ ကျော်ထွန်းက ပြောသည်။ ရှမ်းပြည်နယ်နှင့် ထိစပ်နေ သော တရုတ်နိုင်ငံနယ်စပ်ဒေသ များတွင်လည်း မကြာခဏ လှုပ် ရှားမှုရှိသော ပြတ်ရွေ့အချို့ရှိနေ သေးသည်။  အောင်သစ်လွင်

No comments:

Post a Comment