Friday, November 25, 2016

မောင်တောတောင်ပိုင်း ရွာနှစ်ရွာမှာ ညသန်းခေါင်ကျော် မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ် မောင်တောမြိုနယ် တောင်ပိုင်းက ရွာနှစ်ရွာ သန်းခေါင်ကျော်အချိန်ကစလို့ မီးလောင်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၅ ရက် မနက် ၁ နုာရီခန့်မှာ ဘကုံးနားရွာမှာ မီးလောင်ခဲ့ပြီး တပ်ဦးချောင်းအုပ်စု၊၊ နူရူလာရွာ မှာတော့ ၂ နာရီ အချိန်လောက်ကစပြီး မီးလောင်နေတာပါ။
နူရူလာမှာ ၂ နုာရီ ၁ဝ မိနစ်လောက်ကစပြီး လောင်နေတာပါ။ ဘာကြောင့် လောင်လဲဆိုတာ မသိရသေးဘူး ကျွန်တော့် အိမ်က မြင်နေရတယ်။ ရွာအလယ်က လောင်နေတာလို့ ထင်ပါတယ် နူရူလာကျေးရွာ မီးမလောင်ခင် ည သန်းခေါင်ကျော် တစ်နာရီလောက်မှာ ဘကုံးနား ရွာမှာလည်း မီးလောင်တယ် အဲ့ဒီဘက်က ငြိမ်းသွားပြီး ဒီဘက်ရွာက လောင်နေတာလို့ ခရေမြိုင် ကျေးရွာက ကိုထွန်းသိန်းက ပြောပါတယ်။
အခုမီးလောင်တဲ့ ရွာတွေဟာ မောင်တောမြို့နဲ့ သုံးမိုင်လောက် အကွာမှာရှိပြီး မီးလောင် နူရူလာရွာမှာတော့ ဒီလ ၃ ရက်နေ့ညနေပိုင်းမှာ အကြမ်းဖက်သမားတွေက ရဲကင်းစခန်းကို ဝင်ရောက်ပစ်ခတ်လို့ ရဲဒုတပ်ကြပ်တစ်ဦးကျဆုံးခဲ့ပြီး တဦးဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။ သတင်း ကိုအောင်

No comments:

Post a Comment