Friday, November 25, 2016

ရှမ်းပြည်နယ်မြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း သျှမ်းလူငယ်အဖွဲ့ သဘောထားထုတ်ပြန်

 ရှမ်းပြည်နယ်မြောက် ပိုင်းတွင် အရပ်သားနှင့် ပရဟိတ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ များ ပစ်ခတ်တိုက်ခိုက်ခံရမှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း သျှမ်းလူငယ်အဖွဲ့က သဘော ထား ထုတ်ပြန်သည်။ အပြစ်မဲ့ပြည်သူများ ထိခိုက် မှု၊ သေကျေဆုံးရှုံးမှုများ ဖြစ်ပွား စေရန် ဖန်တီးသော မည်သည့် လက်နက်ကိုင်အဖွဲ့ကိုမဆို သျှမ်း လူငယ်အဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟု နိုဝင် ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ပစ်ခတ်မှု များကြောင့် အရပ်သားများ သေ ဆုံးရပြီး လူဦးရေသုံးထောင်ကျော် တရုတ်နိုင်ငံသို့ စစ်ပြေးဒုက္ခသည် များအဖြစ် ထွက်ပြေးတိမ်းရှောင် နေသည်။ အရပ်သားနှင့် ပရဟိတ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များ ပစ်ခတ်ခံရမှုကို ပြင်းထန်စွာ ရှုတ်ချပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော စစ်ပွဲပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများကို ခြွင်းချက်မရှိ ရပ်တန့်ပေးရန် လက်နက်ကိုင်အဖွဲ့များအား သျှမ်းလူငယ်အဖွဲ့က တိုက်တွန်းတောင်းဆိုသည်။



လက်နက်ကိုင် ပဋိပက္ခများ ကြောင့် အပြစ်မဲ့ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေးနှင့် အသက်အိုး အိမ်စည်းစိမ်များ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသော ကြောင့် စစ်ပွဲရပ်ဆိုင်း၍ ဆွေးနွေးမှုများ၊ နိုင်ငံရေးနည်းလမ်းများဖြင့် အဖြေရှာရန် အဆိုပါအဖွဲ့က တောင်းဆိုထားသည်။

လုံခြုံရေး လုံခြုံစိတ်ချရမှုမရှိ သည့်အပြင် လမ်း၊ တံတားများ ဖောက်ခွဲဖျက်ဆီးခံရသဖြင့် လက်ရှိကာလသည် ပြည်သူများ သွားရေး၊ လာရေး အခက်အခဲများစွာ ကြုံတွေ့ရသော ကာလဖြစ် ကြောင်း သျှမ်းလူငယ်အဖွဲ့ကဆိုသည်။

မူဆယ်မြို့ပေါ် အခြေအနေ သည် ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်သွားပြီဟု ဒေသခံများက ပြောသော်လည်း မူဆယ်ခရိုင်ရှိ ကွတ်ခိုင်မြို့နှင့် ဆယ်မိုင်ခန့်အကွာ ဂါလိုင်ကျေးရွာ အနီးဝန်း ကျင်တွင် နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်အထိ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

မူဆယ်ခရိုင်အတွင်း နိုဝင် ဘာ ၂၀ ရက်က စတင်ဖြစ်ပွားခဲ့ သော တိုက်ခိုက်မှုများကြောင့် နိုဝင်ဘာ ၂၂ ရက်ထိ စာရင်းများအရ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ပြည်သူ့စစ် နှစ်ဦး၊ အရပ်သားငါးဦး စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ ဝန်ထမ်းနှစ်ဦး၊ အရပ်သား ၂၂ ဦး ဒဏ်ရာရရှိ ကြောင်း အစိုးရက သတင်းထုတ် ပြန်သည်။ အိဖြူမွန်

No comments:

Post a Comment