Thursday, November 24, 2016

ဥပဒေစိုးမိုးမှုမရှိတဲ့နေရာမှာ ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့ အခွင့်အရေး မရှိနိုင်ပါဘူးဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော

ဥပဒေစိုးမိုးမှုမရှိတဲ့နေရာမှာ ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့ အခွင့်အရေး မရှိနိုင်ပါဘူးဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြောသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ က နံနက် ၉ နာရီက ရန်ကုန်မြို့  IBC တွင် စတင်ပြုလုပ်ခဲ့သော ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ အခန်းကဏ္ဍမြင့်မားရေး အလုပ်ရုံဆွေး နွေးပွဲတွင် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ '' လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုမရှိဘူးဆိုရင် လွတ်လပ်ခွင့်ဆိုတာ  မရှိနိုင်ပါဘူး။တည်ငြိမ်အေးချမ်းမှုပျက်ပြားတာနဲ့ ကျွန်တော်တို့ ရဲ့  လွတ်လပ်ခွင့်တွေရပ်ဆိုင်းသွားတာပဲ။  ဘာကြောင့်လဲဆိုတော့ ဥပဒေစိုးမိုးမှုမရှိတဲ့နေရာမှာ ဒီမိုကရေစီ အခွင့်အရေးနဲ့ လူ့ အခွင့်အရေးမရှိနိုင်ပါဘူး။ဒါကြောင့် လုံခြုံရေးနဲ့  တည်ငြိမ်အေးချမ်းမှုက အရေးကြီးပါတယ်'' ဟုဦးဖြိုးမင်းသိန်း ကပြောသည်။

ယနေ့ ကျင်းပခဲ့သော အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပုဂ္ဂလိကလုံခြုံရေး
ဝန်ဆောင်မှုလုပ်ငန်းများအသင်းမှ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း
များဥပဒေပေါ်ပေါက်လာရေး၊လုံခြုံရေးကုမဏီများ၏ကျင့်ဝတ်၊
လုံခြုံရေးကုမဏီများ၏စံချိန်စံညွှန်းများ၊လုံခြုံရေးဝန်ထမ်း
များ၏ သင်တန်းများစသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။
''လုံခြုံရေးဟာ အလွန်အရေးကြီးပါတယ်။လုံခြုံရေးကျိုးပေါက်မှုသည်
အချိန်မရွေးနေရာတိုင်းဖြစ်နိုင်ပါတယ်။အဲဒီအတွက်ကြောင့်
အရပ်ဘက်လုံခြုံရေးတပ်ဖွဲ့ ဝင်များကို အရည်အသွေးမြှင့်ဖို့ ဆောင်
ရွက်တာဖြစ်ပါတယ်'' ဟုလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး
ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲကို ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများ
လုပ်ကိုင်နေသည့် ကုမဏီ ၆၂ ခုမှတာဝန်ရှိသူများ၊ရန်ကုန်တိုင်းဒေ
သကြီးအစိုးရအဖွဲ့ မှတာဝန်ရှိသူများ၊ရန်ကုန်
တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ အရာရှိများတက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဖြိုးထက်အောင်

No comments:

Post a Comment