Wednesday, November 30, 2016

ဂျပန်ဖူကူရှီးမားနျူကလီးယားစက်ရုံ၏ ၂၀၁၁ ခုနှစ် မတော်တဆဖြစ်ရပ် ကြောင့် ပျက်စီးဆုံးရှုံးရမှု အမေရိကန်ဒေါ်လာ ၂၀၁ ဘီလီယံရှိ

၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံဖူ ကူရှီးမားနျူကလီးယားမတော်တဆ ဖြစ်မှုကြောင့် ဆုံးရှုံးရမှုသည် ယခင် တွက်ချက်ခဲ့သည်ထက် နှစ်ဆပိုမို ကာ ယန်း ၂၂ ဒသမ ၆ ထရီလျံ (အမေရိကန်ဒေါ်လာ ၂၀၁ ဘီလီယံ) ဖြစ်သည်ဟု ဂျပန်နိုင်ငံစက်မှုဝန်ကြီး ဌာနကသတင်းထုတ်ပြန်လိုက်သည် ဟု နိုဝင်ဘာ ၃၀ ရက်သတင်းများ အရသိရသည်။ ၂၀၁၃ ခုနှစ်ယခင် ခန့်မှန်းတွက်ချက်ခဲ့ရာတွင် ယင်းအ နုမြူရောင်ခြည်ယိုစမ့်ကာ မတော်တ တဆဖြစ်မှုကြောင့် အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးခဲ့ရသူများအား လျော် ကြေးပေးမရမှုကိုပါ ထည့်သွင်းတွက် ချက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်မတ်လလှုပ်ခတ် ခဲ့သော ပြင်းအားအဆင့်ကိုးရှိ ငလျင် ကြောင့် ဂျပန်အရှေ့မြောက်ကမ်းခြေ ဆူနာမီဖြစ်ပွားခဲ့ရပြီး နျူကလီးယား စက်ရုံသုံးခုထိခိုက်ခဲ့ရခြင်းဖြစ်သည်။ ယင်းငလျင်ကြောင့် လူ ၁၉၀၀၀ ခန့် သေဆုံးခဲ့ရပြီး ဓာတ်ရောင်ခြည်သင့် သူ ၁၆၀၀၀၀ အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ တိုကျိုမြို့ မြောက်ဘက်ဖူကူရှီးမားမြို့ Tokyo Electric Power (Tepco) တွင် အ အေးပေးစနစ်နှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုများဆုံးရှုံးခဲ့ရသည်။ ဖူကူရှီးမားအနုမြူစက်ရုံမတော် တဆဖြစ်ပွားမှုကြောင့် ဆုံးရှုံးမှုတန် ဖိုးမှာ ယန်း ၈ ဒသမ ၂ ထရီလျံ (အမေရိကန်ဒေါ်လာ ၇၃ ဘီလီယံ) ဟု စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏တွက်ချက်မှု များအရသိရသည်။ ဖူကူရှီးမားစက် ရုံသန့်ရှင်းမှုအား ဆယ်စုနှစ်ပေါင်း များစွာပြုလုပ်ယူရမည်ဖြစ်သည်။
Ref:Reuters

No comments:

Post a Comment