Wednesday, November 30, 2016

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့် တရားဝင်ကြိုဆို

စင်ကာပူကို ၃ ရက် ခရီး ဒေါ်အောင်ဆန်းစုကြည် ရောက်နေရာမှာ စင်ကာပူ ကုန်သွယ်ရေးဝန်ကြီး လင်ဟန်ကီယန်က မြန်မာနဲ့ စီးပွားဆက်ဆံရေးတွေ တိုးမြှင့်ဖို့ အခွင့်အလမ်းတွေ တိုးနေပြီလို့ ဆိုလိုက်ပါတယ်။ မြန်မာကို စင်ကာပူက ဗီဇာစည်းကမ်းတွေ လျော့လိုက်ပြီး မြန်မာရဲ့ လမ်းတံတား တည်ဆောက်ရေး၊ ရေနဲ့ အမှိုက် စီမံခန့်ခွဲရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ စာရင်းအင်းကဏ္ဍ၊ ငွေကြေးဝန်ဆောင်မှုကဏ္ဍတွေမှာ စင်ကာပူက ရင်းနှီးမြှုပ်နှံဖို့ မှန်းနေကြပါတယ်။ မြန်မာဟာ လက်ရှိအစိုးရသစ်လက်ထက်မှာ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ ပိုမိုတက်ကြွလှုပ်ရှားလာတယ်လို့ ပြောရမယ်။

No comments:

Post a Comment