Saturday, November 19, 2016

အစိုးရသစ်လက်ထက် အဓိက အပြောင်းအလဲ သုံးခုရှိကြောင်း ဦးဝင်းထိန်ပြောကြား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင်သော အစိုးရသစ် တက်လာပြီးနောက် ပိုင်း ပြောင်းလဲမှုများ မရှိဆိုခြင်း အပေါ် ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ ၀င် ဦးဝင်းထိန်က ငြင်းဆိုလိုက်ပြီး သိသာစွာပြောင်းလဲသည့်အချက် သုံးခုရှိကြောင်း ပြောကြားသည်။ အစိုးရသစ်လက်ထက်အ ပြောင်းအလဲများစွာရှိပြီး အရပ် သားစစ်စစ်အစိုးရတက်လာခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ခေါင်းဆောင်များအဂတိတရားကင်းရှင်းရန် ကြိုး စားနေခြင်း၊ ပြည်သူများနေရာမ ရွေး၊ အချိန်အခါမရွေးပြောချင် သည်ကို လွတ်လပ်စွာပြောဆိုနိုင် ပြီး ယခင်အစိုးရလက်ထက်များ ကဲ့သို့ တစ်စုံတစ်ဦး ချောင်းနား ထောင်နေခြင်းကို စိုးရိမ်သောက ရောက်ရန်မလိုခြင်း စသည့် အ ချက် သုံးခုမှာ အဓိကပြောင်းလဲ သွားခြင်း ဖြစ်ကြောင်း ဦးဝင်းထိန် က 7Day သတင်းစာ၏ ဆက် သွယ်မေးမြန်းမှုကို ဖြေကြားသည်။



‘‘ကျွန်တော်တို့အနေနဲ့ ပြော ချင်တာက လုံးဝပြောင်းလဲတာက အရင်တုန်းက တပ်မတော်အစိုးရ၊ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ဗိုလ် ချုပ်ကြီးများခေါင်းဆောင်တဲ့ အရပ်သားအစိုးရကနေ အခုလုံးဝဒီမို ကရေစီလမ်းကြောင်းသွားမယ့် အရပ်သားအစိုးရလုပ်တာဟာ အဓိကအပြောင်းအလဲပဲ။ ဒါကိုမှ ပြောင်းလဲမှုမဟုတ်ရင် ဘာကို ပြောင်းလဲတယ်ခေါ်မလဲ’’ဟု ဦး ၀င်းထိန်က ပြောသည်။

‘‘ကျွန်တော်တို့ပြောနိုင်တာက ကျွန်တော်တို့ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ၊ ခေါင်းဆောင်တွေဟာ အဂတိတရားကင်းရှင်းအောင် ကြိုးစားနေတယ်။ ကျန်တဲ့ တစ်ခုက တော်တော်များများမသိကြဘူး။ ခင်ဗျားတို့ပဲဖြစ်ဖြစ်၊ ကျွန် တော်တို့ပဲဖြစ်ဖြစ်၊ ကျောင်းသား ပဲဖြစ်ဖြစ်၊ စီးပွားရေးသမားပဲဖြစ် ဖြစ် ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ စကားပြောဟုတ်လား။ စား သောက်ဆိုင်မှာ လက်ဖက်ရည် ဆိုင်မှာ ကြိုက်တဲ့စကားပြော နောက်လှည့်ပြီးတော့ ငါပြောတာ ဘယ်သူတွေ ချောင်းနားထောင် နေမလဲလို့ ကြောက်စရာ၊ စိုးရိမ် စရာအငွေ့အသက်မရှိတော့ဘူး။ အဲဒီ သုံးခုကို ပြောချင်တယ်။ ကျန် တာတွေက ပြောစရာတွေအများ ကြီးပဲ’’ဟု ဒီချုပ်အစိုးရလက်ထက် ပြောင်းလဲနေမှုအခြေအနေကို ၎င်းက သုံးသပ်သည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအား တစ်ခဲနက်မဲပေး လိုက်သည့် ပြည်သူများ၏ စား ၀တ်နေမှုစီးပွားရေးအခြေအနေ မှာ အစိုးရသစ်လက်ထက် ခုနစ်လကျော်လာသည့်တိုင် တိုးတက်မှု  နည်းပါးနေသည့်အတွက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေဖန်မှုများရှိနေသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံ အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းလိုက်ခြင်းအပါအ၀င် စီး ပွားရေးအရ အားသာချက်အချို့ရှိ သော်လည်း လက်ရှိအချိန်အထိ အသုံးမချနိုင်သေးခြင်းမှာ အား နည်းချက်ဖြစ်ကြောင်း နိုင်ငံရေး နှင့် စီးပွားရေးလေ့လာသုံးသပ်သူ ဆောင်းပါးရှင် ဦးဇေယျသူက သုံးသပ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရနှင့် တပ်မတော်တို့အ ကြား ရင်ကြားစေ့သွားခြင်းမှာ ထူး ခြားချက်တစ်ခုဖြစ်ကြောင်း ၎င်း က ဆိုသည်။

‘‘ကျွန်တော့်အမြင် အလွယ် ဆုံးနည်းကတော့ ကက်ဘိနက်ထဲ မှာရှိတဲ့ ၀န်ကြီးတွေရဲ့ Performance ပေါ့။ လုပ်ရည်ကိုင်ရည် ကို ပြန်စစ်ကြည့်။ ဆန်းစစ်ပြီးရင် တော့ ကျွန်တော်တို့က လဲသင့်တဲ့ သူလဲ။ မလဲဘူးဆိုရင်လည်း သူတို့ကို အားဖြည့်ပေးမယ့်သူ ထောက် ပံ့ပေးနိုင်မယ့်သူကို မြန်မြန်ထည့်။ အဲဒီလိုလုပ်မှပဲ နောင်လေးနှစ်မှာ မြင်သာထင်သာတဲ့ ရလဒ်ထွက် လိမ့်မယ်ပေါ့။ အားနည်းနေတယ် ဆိုရင်တော့ ရလဒ်ကောင်းကောင်းထွက်မှာမဟုတ်ဘူး’’ဟု ဦးဇေယျ သူက မှတ်ချက်ပြုသည်။

အစိုးရသစ်လက်ထက်တွင် အများစု၏ အမြင်မှာ ယခင်အစိုးရအတိုင်း ပြောင်းလဲခြင်းမရှိသေး ဘဲ ကချင်၊ ရှမ်းပြည်နယ်ဒေသများ တွင် စစ်ပွဲများဆက်လက်ဖြစ်ပွား နေဆဲဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တွင် ပဋိပက္ခများရှိနေဆဲဖြစ် ကြောင်းနှင့် စီးပွားရေးတွင်လည်း တိုးတက်မှုရှိမလာသေးကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဘာ တေးလင့်တနာက နိုဝင်ဘာ ၁၂ ရက်ထုတ် South China Morning Post သတင်းစာ၏ "One Year On In Myanmar, Is Suu Kyi's Halo Slipping?" ဆောင်းပါးတွင် သုံးသပ်ထားသည်။ ထက်အာကာကျော်



No comments:

Post a Comment