Thursday, November 24, 2016

မူဆယ်တွင် ဈေးပြန်ဖွင့်၊ ဈေးရောင်းဈေးဝယ်အချို့ ဖြင့် ပြန်လည်အသက်ဝင်

မူဆယ်မြို့ ၏အနေအထားသည် ဈေးပြန်ဖွင့်၍ ရောင်းသူဝယ်သူအချို့ကို ပြန်လည် တွေ့မြင်လာရပြီး ကုန်ဈေးနှုန်းများ ကိုလည်း ဈေးတင်ရောင်းခြင်းမရှိဘဲ ပုံမှန်အတိုင်းရောင်းချပေးလျက်ရှိကာ စစ်ဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းပေးမည့် ပရဟိတ လူမှုကူညီရေးအဖွဲ့များကို ဆိုလျှင် ဈေးလျှော့ပေးခြင်းအပြင် ဈေးဆိုင် များကပါ လှူဒါန်းပေးခြင်းမျိုးများရှိ ကြောင်း နိုဝင်ဘာ ၂၃ ရက် နံနက် ပိုင်းက မန်စီရောက် မြန်မာလူငယ် များ မေတ္တာမိုးစက်အဖွဲ့မှ ကိုမျိုးမင်း က ပြောသည်။ ယင်းနှင့်ပတ်သက်၍ ""ဈေးနှုန်း တက်သွားတာတို့မရှိဘူး။ ရောင်းမြဲ အတိုင်းပဲရောင်းတယ်။ ဘယ်လိုပြော မလဲအရင်ကုန်ဈေးနှုန်း အတိုင်းပဲ ရောင်းတယ်။ ကျွန်တော်တို့က လူမှု ကူညီရေးအနေနဲ့ ၀ယ်တာဆိုတော့ တအားကြီးတက်လို့လည်း အဆင် မပြေဘူး။ တချို့ဟာတွေဆိုလျှော့ပေး တယ်။ နောက်ပြီးတော့ သူတို့လှူနိုင် တာကိုလည်းထည့်ပြီးတော့လှူပေး တယ်""ဟု ကိုမျိုးမင်းက ပြောပြသည်။

မူဆယ်ဈေးသို့ ဈေးသွားဝယ် သည့် နံနက်ပိုင်းမြင်ကွင်းအား ကိုမျိုးမင်းက ပြန်လည်ပြောပြရာ တွင် ""မနေ့ညကပိတ်ထားတဲ့ ရဲစခန်း ရှေ့ပေါ့နော်။ အဲဒီရဲစခန်းရှေ့ကနေ ဖြတ်သွားတော့ ရဲစခန်းရှေ့မှာဂိတ် တားတဲ့ပုံစံမျိုးချထားတယ်။ ဂိတ် တားတဲ့သစ်သားနဲ့ကာထားတဲ့ ဘယ် ရီဂိတ်လေးတွေပေါ့။ ချထားတော့ ကျွန်တော်တို့ တခြားဖက်ကနေကွင်း သွားရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဈေးဝယ်ပြီးပြန်လာတဲ့အချိန်ကျတော့ အဲဒါတွေမရှိတော့ဘူး။ ဖယ်ထား တယ်။ နောက်တစ်ခုထူးခြားတာကကျွန်တော်တို့ ဈေးထဲဝင်တဲ့အချိန်
မှာ ကားတွေသွားလာနေကြတယ်။ လူ တွေသွားလာနေကြတယ်။ ရှုပ်ရှုပ် ထွေးထွေးတော့မရှိဘူး။ ဒါပေမဲ့ အ ရင်လိုစည်စည်ကား
ကားပုံစံမျိုးလေး တွေပေါ့။ အဲဒီလိုမျိုးလေးတွေကို အစ အနတစ်ခုအနေနဲ့ သိရတယ်ပေါ့။ သွား လာနေကြတယ်။ ဆိုင်ခန်းတွေဖွင့်ထား ကြတယ်။ တချို့ဆိုင်ခန်းတွေတော့ ပိတ်ထားကြတယ်""ဟု ရှင်းပြသည်။
မန်စီရောက်မြန်မာလူငယ်များ မေတ္တာမိုးစက်အဖွဲ့သည် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့ သည့် ပထမအကြိမ်ရေဘေးတွင် မန်စီရောက်မြန်မာလူငယ်များ အမည်ဖြင့် စတင်ဖွဲ့စည်းတည်ထောင် ၍ ၂၀၁၆ ခုနှစ်အရောက်တွင် မေတ္တာမိုးစက်ဟု အမည်ပေးလှုပ်ရှား ခဲ့သည့် လူမှုကူညီရေးအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။ ယခု စစ်ဘေးတွင် အလှူငွေကောက်ခံသည့်လူငယ်များနှင့် ပရဟိတလုပ် ကိုင်နေသော လူငယ်များအားလုံး သည် မေတ္တာမိုးစက်အဖွဲ့မှ လူငယ် များဖြစ်ပြီး ၀ိုင်းဝန်းလှူဒါန်းကြသူ များမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီရောက် စီးပွားရေးလုပ်ငန်းရှင် များ၊ အရောင်းအ၀ယ်သမားများ၊ လက်လုပ်လက်စားသမားများစသ ဖြင့် အလွှာပေါင်းစုံမှပါဝင်သည်ဖြစ် ရာ မန်စီရောက်မြန်မာများ၏ ဒါနကို မေတ္တာမိုးစက်လူငယ်အဖွဲ့က ၀ိုင်း ၀န်းကူညီလှုပ်ရှား၍ ကိုယ်တိုင်ကိုယ် ကျသွားရောက်လှူဒါန်းပေးခြင်းဖြစ်
ကြောင်း သိရသည်။""ကျွန်တော်တို့မြို့ကို တပ်မ တော်၊ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့ဝင်တွေ နဲ့ မြို့တည်ငြိမ်အေးချမ်းပြီး ယခင် ကလို ပုံမှန်ရောင်းဝယ်ဖောက်ကား နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေ လို့ ဒေသခံပြည်သူတွေ ကောလာ ဟလသတင်းတွေကို မယုံကြပါနဲ့"" ဟုခရိုင်
အုပ်ချုပ်ရေးမှူး ဦးကျော် ကျော်ထွန်းက ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။
အဆိုပါမန်စီရောက် မြန်မာ လူငယ်များ မေတ္တာမိုးစက်အဖွဲ့သည် နိုဝင်ဘာ ၂၂ ရက်က နန့်ဟွယ်ကျေး ရွာ ဇေယျမင်္ဂလာဘုန်းကြီးကျောင်း တွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် အာလူးခြောက် အိတ်၊ ငါးခြောက်နှင့် ခေါက်ဆွဲခြောက် များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် မူဆယ်မြို့ နမ့်ပေါ်တံတား ၌ လက်နက်ကိုင်တပ်ပေါင်းစုများနှင့် ထိတွေ့မှုဖြစ်စဉ်တွင် ကျဆုံးသွား သည့် ရဲတပ်ဖွဲ့ဝင်သုံးဦး၏ ဈာပန အခမ်းအနားကို မူဆယ်မြို့ ပြည်သူ့ ဆေးရုံး၌ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် တွင်ပြုလုပ်ရာ ကျဆုံးရဲတပ်ဖွဲ့ဝင် သုံးဦးအား အမိန့်ပြန်တမ်းကြေညာ ခြင်း၊ သေနတ်ဖြင့်အလေးပြုခြင်း၊
သရဏဂုံတင်ခြင်းနှင့် တရားနာခြင်း များဆောင်ရွက်ခဲ့ပြီး မူဆယ်ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မူဆယ်မြို့မရဲ စခန်းမှူးနှင့် မူဆယ်မြို့နယ်ရှိ ဌာန ဆိုင်ရာများ၊ မိသားစုဆွေမျိုးများ၊ မြို့သူမြို့သားများက မူဆယ်ဘာသာ ပေါင်းစုံသုသာန်သို့ လိုက်ပါပို့ဆောင် ခဲ့ကြောင်း သိရသည်။
PS

No comments:

Post a Comment