Friday, November 25, 2016

တရားမဝင် အင်သစ်ခွဲသားများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်နှင့် ကလေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီခန့်က ကလေးမြို့နယ် ကလေး- ကလေးဝကားလမ်း၊ ကျီးကုန်းကျေးရွာအနီး သွားရောက်စောင့် ဆိုင်းနေ စဉ် ကလေးဝဘက်မှ ကလေးမြို့ ဘက်သို့ ကလေးဝမြို့နယ် သစ်ချောက်ကျေး ရွာနေ စိုင်းစိုးမိုး (ခ)လှစိုးမိုး (၃၈ နှစ်) မောင်းနှင်ပြီး ကလေးမြို့ ပင်လုံ ရပ်ကွက်နေ ဦးမြင့်ဦး(ခ) ဦးဝင်းမြင့် (၅၅ နှစ်) လိုက်ပါလာသော ၁ခ/---- အဖြူရောင်ခြောက်ဘီးယာဉ်ကို ရပ်တန့်ရှာဖွေခဲ့ရာ တရားမဝင် သယ်ဆောင် လာသော အင်သစ်ခွဲသားဆိုဒ်စုံ ၁၄၆ ချောင်း ၇ ဒသမ ၅၂၇၈ တန် တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့နှစ်ဦးအား ကလေးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ကိုရဲ

No comments:

Post a Comment