Wednesday, November 23, 2016

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လက်ရှိအချိန်ထိ ခြေစွမ်းပိုင်းအားရမှုမရှိသေး

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ ဥရောပခရီးစဉ်နဲ့ တခြားခြေစွမ်းပွဲတွေ ကစားခဲ့ပေမယ့် လက်ရှိအချိန်ထိ ခြေစွမ်းပိုင်းအားရမှုမရှိသေးပဲ ဆူဇူကီးဖလားမျှော်လင့်ချက် လုံးဝမရှိနိုင်ဘူးလို့ ပရိသတ်တချို့က ဝေဖန်လိုက်ပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ ဆူဇူကီးဖလားအုပ်စုပြိုင်ပွဲတွေကို သုဝဏ္ဏကွင်းမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပ ပြိုင်ပွဲဝင်နေခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပဲ ပွဲဦးထွက်မှာ ဗီယက်နမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း အနည်းငယ် အားနည်းနေသေးတယ်လို့ ထင်မြင်နေကြပြီးတော့ တိုက်စစ်ပိုင်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီလိုအားနည်းချက်တွေ ရှိနေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ လာမယ့် ပြိုင်ပွဲမှာလည်း ခြေတက်လာတဲ့ ကမ္ဘောဒီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ အခက်အခဲတွေ ရှိနေဦးမှာပါ။ ဒါပေမယ့်လည်း နည်းပြကြီး ဂတ်ဆီဇီက တော့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားထားပါတယ်။
မြန်မာအသင်း အပရိသတ်တွေဟာ ပြိုင်ပွဲကျင်းပချိန်တိုင်း ကွင်းလုံးပြည့် လာရောက်အားပေးလေ့ရှိသလို တကြိမ်တခါမှ မရဘူးသေးတဲ့ ဆူဇူကီးဖလားကို ဆွတ်ခူးပေးနိုင်ဖို့ မျော်လင့်နေပါတယ်။ မြန်မာ့လက်ရွေး စင်ဘောလုံးအသင်းဟာ ဆူဇူကီးပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ဖြတ်ကျော်နိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အနေနဲ့အုပ်စု ခရဲ့ အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရှိနေခဲ့ပြီးတော့ မလေးရှား၊ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားအသင်းတို့က အစဉ်လိုက်ရပ်တည်နေခဲ့ပါတယ်။

No comments:

Post a Comment