Tuesday, November 22, 2016

မူဆယ်မြို့တွင်ဈေးနှင့်ဘဏ်များပိတ်ထားပြီး အရောင်းအဝယ်များရပ်ဆိုင်းနေ

မြန်မာ့တပ်မတော်နဲ့ကေအိုင်အေ ပူးပေါင်းအဖွဲ့တွေဟာနို ဝင်ဘာ(၂၀)ရက်၊ နံနက်ပိုင်းက မူဆယ်မြို့အနီးတိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် မူဆယ်မြို့ပေါ်မှာနိုဝင်ဘာ(၂၁)ရက် နံနက်ပိုင်းကဈေးနဲ့ ဘဏ်တွေပိတ်ထားပြီး အရောင်းအဝယ်ရပ်ဆိုင်းနေတယ်လို့ မူဆယ်စကိုင်းနက်ရဲ့ သတင်းပေးပို့ချက်အရသိရပါတယ်။ မူဆယ်မြို့ပေါ်မှာလက်ရှိအနေအထား တည်ငြိမ်နေပေမယ့်လည်း မူဆယ်ခရိုင်၊ နမ့်အွန်ကျေးရွာမှာနိုဝင်ဘာ(၂၁)ရက်၊နေ့လည်(၁၂)နာရီခွဲခန့် ကမြန်မာ့တပ်မတော် စစ်ကြောင်းက သံချပ်ကာကားတွေ ကိုကေအိုင်အေပူးပေါင်းအဖွဲ့တွေ ကချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ မုံးကိုး၊ပန်ဆိုင်းဒေသခံတွေ ကမန်ကန်ဒေသမှ တစ်ဆင့်တရုတ်နိုင်ငံ၊ ဝမ်ဟိုင်းမြို့၊ စစ်ဘေးရှောင်စခန်းကို သွားရောက်တိမ်းရှောင်နေပြီး မုံးကိုးအချို့ဒေသတွေမှာ စာသင်ကျောင်းတွေကိုရ က်အကန့်အသတ်မရှိ ပိတ်ထားကာ ပညာရေးဝန်ထမ်းတွေအနေနဲ့ တာဝန်ကျရာနေရာတွေမှာ သာနေထိုင်ပြီး ဘယ်မှမသွားဖို့ ခရိုင်ပညာရေးမှူးရုံးက ညွှန်ကြားထားတယ်လို့သိရပါတယ်။
စစ်ဘေးရှောင်ဒေသခံတွေနဲ့ ဝန်ထမ်းအချို့က တရုတ်နိုင်ငံ၊ ဝမ်တိန်မှရွှေလီ ၊ရွှေလီမှတစ်ဆင့်ကျယ်ဂေါင်ကို ကားနဲ့သွားရောက်ပြီး မူဆယ်နဲ့ကျယ်ဂေါင် နယ်နမိတ် ပိုင်းခြားထားတဲ့နေရာတွေမှာတရားဝင်ကော၊ တရားမဝင်ပါ မူဆယ်မြို့ထဲကိုဝင်
ရောက်မှုရှိနေတယ်လို့ မူဆယ်စကိုင်းနက်ရဲ့ သတင်းပေးပို့ချက်အရသိရပါတယ်။ လက်ရှိမှာတော့မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ သီပေါတံတားနဲ့ဂုတ်တွင်းတံတားတွေမှာတပ်မတော်ကလုံခြုံရေးတင်းကျပ်ထားတယ်လို့လည်းကျောက်မဲစကိုင်းနက်ရဲ့သတင်းပေးပို့ချက်အရသိရပါတယ်။ကေအိုင်အေပူးပေါင်းအဖွဲ့တွေဟာမူဆယ်ခရိုင်၊နမ့်အွန်ကျေးရွာအဝင်ပြည်ထောင်စုလမ်းမကြီးပေါ်မှာနိုဝင်ဘာ(၂၀)ရက်၊ည(၇)နာရီခွဲခန့်ကစတင်ပြီးကေအိုင်အေပူးပေါင်းအဖွဲ့တွေရဲ့နှောင့်ယှက်ဟန့်တားမှုကြောင့်လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပေမယ့်လည်းအဲဒီနေရာကိုမြန်မာ့တပ်မတော်စစ်ကြောင်းနဲ့ပြည်သူလူထုကပူးပေါင်းရှင်းလင်းဆောင်ရွက်ခဲ့တာကြောင့်နိုဝင်ဘာ(၂၁)ရက်၊နံနက်(၉)နာရီခွဲခန့်မှာလမ်းကြောရှင်းလင်းပြီးယာဉ်များပုံမှန်သွားလာနိုင်ပြီဖြစ်တယ်လို့နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဒီသတင်းကိုမူဆယ်နဲ့ကျောက်မဲစကိုင်းနက်တို့ကပေးပို့တာဖြစ်ပါတယ်။

No comments:

Post a Comment