Sunday, November 27, 2016

သရုပ်ဆောင်နေတိုး အကယ်ဒမီရွှေကြယ်ကို ပုဂံ အလိုတော်ပြည့် ရွှေထီးတော် အတွက် လှူဒါန်း

သရုပ်ဆောင် အကယ်ဒမီ နေတိုးသည် “မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကားမှာ ရရှိခဲ့သည့် အကယ်ဒမီ ရွှေစင်ရုပ်တုမှ ရွှေကြယ် ၂ ကျပ်သားအား မန္တလေးတိုင်း ဒေသကြီး ပုဂံ ညောင်ဦး အလိုတော်ပြည့် ရွှေထီးတော်အတွက် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။ နိုဝင်ဘာလ ၂၆ရက် နံနက်ပိုင်းက ရန်ကုန်တာမွေလေး ရပ်ကွက်၊ ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့် ကျောင်းတိုက်သို့ သွားရောက်ပြီး ၎င်းရွှေကြယ်အား လှူဒါန်းခဲ့သည်ဟု အလိုတော်ပြည့်ကျေင်းတိုက် လက်ထောက်ဆရာတော် အရှင် ဦးကုမာရက နိရဉ္စရာသို့ ပြောသည်။ မန္တလေးတိုင်း ပုဂံ ညောင်ဦး အလိုတော်ပြည့် စေတီတော်အား ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အလေးချိန် ၅ ပိဿရှိ ရွှေစင်ရွှေသား အတိဖြင့် ပြုလုပ်ထားသော ရွှေထီးတော်ကို တင်လှူပူဇော်မည်ဟု သိရသည်။ အလိုတော်ပြည့်ရွှေထီးတော်အား နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်မှာ အပူဇော်ခံထားရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment