Saturday, November 19, 2016

"ခိုးဝင်ဘင်္ဂါလီတွေနဲ့ အလွန်အန္တရာယ်ကြီးလာသော အမျိုးသားလုံခြုံရေး"

ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ မြဝတီမြို့တွေမှာ အထောက်ထားမဲ့ ခိုးဝင်ဘင်္ဂါလီတွေ ဖမ်းမိတဲ့သတင်းတွေက ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ မောင်တောမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်းမှ ဖမ်းမိတဲ့သတင်းတွေပါ။ မြဝတီမြို့မှာ တစ်ဖက်​ထိုင်းနိုင်​ငံမှ မြန်​မာနိုင်​ငံ အတွင်းသို့ သောင်​ရင်းဖြတ်​​ကျော်​စက်​​လှေဂိတ်​များမှတစ်ဆင့်​ ဘင်္ဂါလီများ တရားမ၀င်​ ခိုးဝင်​လျက်​ရှိရာ ​အောက်​တိုဘာ ၁၃ ရက်​၊ ၁၄ ရက်တို့တွင်​ နှစ်​ရက်​ဆက်​ ဖမ်းဆီးရမိခဲ့​ကြောင်း သတင်းတွေအရ သိရပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ ၁၃ ဂိတ်ဟောင်းတွင် ခိုးဝင်ဘင်္ဂါလီ ၂၀ ဦးဖမ်းမိခဲ့ပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာတခါ အဆိုပါဂိတ်ဟောင်းမှာပဲ နောက်ထပ်ဘင်္ဂါလီ ၆ ဦး ထပ်မံဖမ်းဆီးမိခဲ့ပြန်ပါတယ်။

မော်လမြိုင်မှာလည်း ခိုးဝင်ဘင်္ဂါလီ ၁၂ ယောက်ဖမ်းဆီးရမိပြီး မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်၊ ၆၂/၆၃-လမ်းကြား ပျူ စောထီးလမ်းမှ လေးထပ်တိုက် အပေါ်ဆုံးထပ်မှာ နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုတော့ သက်ဆိုင်ရာမှ စစ်ဆေးနေဆဲ ဖြစ်တယ်လို့သိရပါတယ်။
အလားတူရန်ကုန်မြို့မှာလည်း အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၂ နာရီခွဲက တာမွေမြို့နယ် အရိုးကုန်းရပ်ကွက် ဦးလွန်းလမ်းရှိ ၈ လွှာတိုက်ခန်းတွင် ပုန်းခိုနေသော ဘင်္ဂါလီ လေးဦးကို ဖမ်းဆီးပြီးနောက် ယင်းနေ့ ညနေပိုင်းမှာတခါ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့၊ အလောင်းဘုရားလမ်းမှာ ပုန်းခိုနေတဲ့ ဘင်္ဂါလီ အမျိုးသား ၁၇ ဦးကို ထပ်မံ ဖမ်းမိခဲ့ကြောင်း သတင်းဖတ်လိုက်ရပါတယ်။
ဒါ့အပြင် ယခုလို အထောက်အထားမဲ့ ခိုးဝင်လာတဲ့ ဘင်္ဂါလီများ နှစ်ရက် ဆက်တိုက် ဖမ်းမိခဲ့တာကြောင့် ပြည်သူများအနေနှင့် မိမိတို့ နေထိုင်ရာ ရပ်ကွက်/ကျေးရွာ၊ မြို့နယ်များအတွင်း မသင်္ကာဧည့်စိမ်းများ ရောက်ရှိနေကြောင်း သိရှိပါက 199 Call Center ဖုန်း အမှတ် ၁၉၉ နှင့် ဖုန်းအမှတ် ဝ၁-၂၃၂၃၁၉၉ သို့ ဆက်သွယ် သတင်းပေးကြပါရန် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားရပါတယ်။
ထူးခြားချက်အနေနဲ့ပြောရရင် ဖမ်းဆီးရမိတဲ့ဘင်္ဂါလီများမှာ လူလတ်ပိုင်း အမျိုးသားအရွယ်များဖြစ်ကြပြီး ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှာနေတဲ့ ခိုးဝင်ဘင်္ဂလီတွေအနေနဲ့ မြို့ပေါ်ကိုရောက်ဖို့အတွက် ခေါ်ဆောင်သူတွေကို တစ်ဦးလျှင် ၁၀ သိန်းကျော်ပေးရပါသတဲ့။
တချို့ဘင်္ဂါလီတွေမှာ ပြည်ပနိုင်ငံတွေကို အောက်လမ်းမှ ဆက်လက်သွားကြမယ်လို့ သိရပါတယ်။ ကုလသမဂ္ဂအဖွဲ့စည်းနဲ့ NGO အဖွဲ့စည်းတွေရဲ့ အထောက်ပံ့နဲ့ ရပ်တည်နေရတဲ့ ဒုက္ခသည်တွေဖြစ်ပါလျက် မြောက်များလှတဲ့ ဒီငွေကြေးတွေ ဘယ်ကရသလဲဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ နောက်တစ်ခုက မောင်တောက အကြမ်းဖက်ဘင်္ဂါလီတွေ ပြည်ပနိုင်ငံတချို့ကနေ အကြမ်းဖက်နည်းပညာများသင်ကြားပြီးမှ ရခိုင်ပြည်နယ် မောင်တောသို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ အဲ့ဒီကမှတစ်ဆင့် လူအင်အားများစုဆောင်းပြီး ယခုလိုတိုက်ခိုက်နိုင်ဖို့ အသေချာ စီစဉ်ခဲ့ကြတာပါ။
ဆိုလိုတာက နိုင်ငံခြားကိုထွက်မဲ့ ဘင်္ဂါလီတွေကို နောက်ကွယ်က ငွေကြေးထောက်ပံ့သူတွေ ရှိနိုင်ပြီး အကြမ်းဖက်သင်တန်းတက်နိုင်ဖို့ (သို့မဟုတ်) ပြည်ပအကြမ်းဖက်အဖွဲ့စည်းတွေနဲ့ ဆက်သွယ်ရန်အတွက် သွားတာလားဆိုတာကလည်း ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘူးသီးတောင် မောင်တောက အကြမ်းဖက် တိုက်ခိုက်သူများအနေဖြင့် နိုင်ငံတကာမှ အကြမ်းဖက် အဖွဲ့စည်းများနဲ့ ကွန်ယက်သဖွယ် အချိတ်ဆက်ရှိနေတာကလည်း ဘင်္ဂါလီတွေရဲ့မြို့ဝင် မြို့ထွက်စာရင်းတွေကို အထူးစောင့်ကြည့်သင့်ကြောင်း ညွှန်ပြနေပြန်ပါတယ်။
စုံစမ်းထောက်လှမ်းရေးတွေနဲ့ နည်းပညာပိုင်းတွေ အံ့မခန်းတိုးတက်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာတောင် လုံခြုံရေးအထူးကြပ်မတ်ထားတဲ့ကြားက အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေတာကြောင့် အဖက်ဖက်ကနိမ့်ကျနေတဲ့ မြန်မာနိုင်ငံအတွက် လုံခြုံရေးက ပို၍သတိထားစရာပါ။
ယခုဖမ်းမိတဲ့သတင်းတွေနဲ့အတူ နောက်ထပ်မြို့ကြီးတွေပေါ်မှာ မဖမ်းမိသေးတဲ့ ခိုးဝင်ဘင်္ဂလီအင်အား ဘယ်ရွေ့ဘယ်မျှရှိနေဦးမလဲဆိုပြီး စိုးရိမ်နေတဲ့အသံတွေကလည်း ကြားနေရပါတယ်။
ယခုလိုခိုးဝင်ဘင်္ဂါလီများ ဆက်တိုက်ဖမ်းမိခြင်းနဲ့ ပက်သက်၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့  မဘသ (ဗဟို) မှ အောက်တိုဘာလ ၂၄ ရက်နေ့က ကြေငြာချက်တစ်စောင် ထုတ်ပြန်ထားပါသေးတယ်။ ဧည့်စာရင်းဥပဒေ ပယ်ဖျက်လိုက်ခြင်းနှင့် စစ်ဆေးရေးဂိတ်များ ရုပ်သိမ်းလို က်ခြင်းတို့သည်လည်း အဆိုပါခိုးဝင်သူများအား တံခါးမရှိ, ဓါးမရှိ အလွယ်တကူ ဝင်ရောက်လာနိုင်အောင် လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်နေကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ စံနစ်တကျ ခိုင်ခိုင်မာမာ ရှိစေရန်အတွက် တရားမဝင် ခိုးဝင်သူများကို နိုင်ငံတော်အစိုးရ အနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ ထိထိရောက်ရောက် ကာကွယ်တားဆီးပေးဖို့ တောင်းဆိုထားခြင်းပါ။ ရဟန်းရှင်လူပြည်သူ အားလုံးတို့ကလည်း အမျိုးသားရေးသတိ, နိုင်ငံရေးအသိဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့ လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း မောင်တောမှာ နယ်ခြားစောင့်ကင်းစခန်းများအား တိုက်ခိုက်ရာတွင် မူဂျာဟစ်ဒင် (Aqa Mul Mujahideen) တို့နဲ့ ဆက်စပ်နေသည့်သတင်း။ ရန်ကုန်မြို့သို့ ဘင်္ဂါလီများ ခိုးဝင်နေတဲ့သတင်း။ ဘူးသီးတောင် မောင်တောဒေသမှာ နိုင်ငံ၏အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ထိခိုက်စေသောလုပ်ရပ်များကို လျှော့တွက်ထားရင် မှားလိမ့်မယ်ဆိုပြီး သတိပေးထားသလို လူ့အခွင့်အရေးနဲ့ပက်သက်ပြီး ကမ္ဘာတဝန်းလုံးမှာ ပြောစရာတွေ အငြင်းပွားမှုတွေ ရှိနေတဲ့အကြောင်း၊ လူ့အခွင့်အရေးကို အကြောင်းပြပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မစော်ကားကြဖို့အကြောင်းနဲ့ တာဝန်ရှိသူများ ပါဝင်နေကြသူများ ပါဝင်သင့်သူများ တရားနည်းလမ်းတကျ သတ္တိရှိစွာ ဆောင်ရွက်ကြဖို့ကိုလည်း သူ့ဖေ့စ်ဘွတ်ကနေတဆင့် အောက်တိုဘာလ ၃၁ ရက်နေ့က ပြောကြားထား ပါသေးတယ်။
ခိုးဝင် ဘင်္ဂါလီအရေးနဲ့ ပက်သက်ရင် နိုင်ငံနဲ့ လူမျိုးအတွက် ဘယ်လောက်အန္တရာယ်ကြီးသလဲဆိုတာကတော့ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပျက်သွားတဲ့ မောင်တောအကြမ်းဖက်မှုနဲ့ နောက်ဆက်တွဲဂယက်တွေကို လေ့လာ ကြည့်ရင်သိနိုင်ပါတယ်။ လုံခြုံရေးဝန်ထမ်း ၁၄ ဦးသေဆုံးပြီး အ်ြကမ်းဖက်တွေကြောင့် မငြိမ်မသက်ဖြစ်ခဲ့ရတဲ့ အဆိုပါမောင်တောဒေသမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ကြားကပဲ နိုဝင်ဘာလ ၃ ရက်နေ့က မောင်​​တောမြို့နယ် နူရုလ္လာ ရဲကင်းစခန်းကို လက်နက်ကိုင် ဘင်္ဂါလီတွေ ဝင်ပစ်သွားလို့ ရဲဝန်ထမ်းတစ်ဦး ထပ်မံ ကျဆုံးခဲ့ရပြီး တစ်ဦးဒဏ်ရာရခဲ့သလို နိုဝင်ဘာ ၄ ရက်နေ့မှာလည်း မောင်တောတောင်ပိုင်း မြင်းလွတ်မြို့ ရွာသစ်ကျေးရွာအဝင်၊ ချောင်းကမ်းဘေးက ရွာသစ် ရဲကင်းစခန်းတစ်ခု မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါသေးတယ်။ ဒါ့အပြင် ၁၄ ရက်နေ့ကပဲ မြန်မာစစ်ကြောင်းတစ်ခုကို လက်နက်ကိုင် ဘင်္ဂါလီ တစ်ထောင်ကျော်က ၀ိုင်းဝန်းတိုက်ခိုက်လို့ တပ်ရင်းမှုးကျဆုံးခဲ့ရပါတယ်။
ဒါက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း တစိမ့်စိမ့်ခိုးဝင်လာခဲ့ရာမှ နှစ်ပရိစ္ဆေဒ ကြာညောင်းလာတာနဲ့အမျှ အင်အား အဆမတန်များပြားလာပြီး တိုင်းရင်းသားဖြစ်ခွင့်နဲ့အတူ နယ်မြေခွဲထွက်ခွင့်တောင်းလာတဲ့အထိ ရဲတင်းလာကြတာပါ။ ယခုခေတ်အနေထားအရ ကိုပဲ မြန်မာနိုင်ငံရဲ့မြို့ကြီးတွေပေါ်သို့ ခိုးဝင်လာကြရာမှ ဘင်္ဂါလီတွေရဲ့အင်အားက တဖြည်းဖြည်းတိုးပွားလာနေတာကိုလည်း အထူး သတိပြုရမှာ ဖြစ်ပါတယ်။ အခုလိုတရားမဝင်တိုးပွားနေတာကို မထိမ်းချုပ်နိုင်ရင် အဆိုပါမြို့ကြီးတွေပါ ဘူးသီးတောင် မောင်တောမြို့တွေလို အဖြစ်ဆိုးမျိုး ထပ်မံရောက်ရှိသွားနိုင်တာက စိုးရိမ်စရာပါ။
နောက်ထပ်အထူးသတိထားရမဲ့အချက်က မြန်မာနိုင်ငံရဲ့ ဘူးသီးတောင် မောင်တောမှာ ဘင်္ဂါလီတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေစဉ် တစ်ချိန်တည်းမှာပဲ အီရတ်အစိုးရတပ်တွေနဲ့ မဟာမိတ်တပ်တွေ စုပေါင်းပြီး အစွန်းရောက်မွတ်စလင် IS အဖွဲ့ကြီးကို အပြင်းအထန်တိုက်ခိုက်နေတဲ့အချိန်ဖြစ်ပါတယ်။ အဆိုပါ IS အဖွဲ့ ခြေကုပ်ယူတဲ့ မိုဆိုးလ်မြို့ကြီး ပြန်လည်ရရှိရေးအတွက် အီရတ်အစိုးရတပ်တွေက မြို့သိမ်းတိုက်ပွဲအဖြစ် ကြိုးစားနေကြခြင်းပါ။ မဟာမိတ်တပ်ဖွဲ့ရဲ့လေကြောင်းပစ် အကူတွေနဲ့ အီရတ်အစိုးရတပ်တွေရဲ့တိုက်ခိုက်မှုတွေကြောင့် အစွန်းရောက်အစ္စလာမ္မစ် IS တပ်သားတွေ ကစဥ့်ကလျားထွက်ပြေးနေရကြောင်း နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့က BBC Burmese သတင်းဖော်ပြချက်မှာလည်း အီရတ် နိုင်ငံမှာ မိုဆူးလ်မြို့ထဲကို ဝင်ရောက်လာနေတဲ့ အီရတ် တပ်ဖွဲ့တွေဟာ မြို့အရှေ့ပိုင်းမှာ လုံလုံခြုံခြုံ ခြေကုပ်ယူနိုင်ဖို့အတွက် IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေကို တစ်အိမ်တက်ဆင်း လိုက်လံ ရှင်းလင်းနေပါသတဲ့။ ဒီလို အရှင်းလင်းခံနေရတဲ့ IS အစွန်းရောက်တွေအနေနဲ့ အရှေ့တောင်အာရှကို ပစ်မှတ်ထား ပြောင်းရွှေ့လာနိုင်ကြောင်းကိုလည်း အကြမ်းဖက်သုတေသီပညာရှင်များက ခန့်မှန်းထားကြပါတယ်။
အရေးကြီးဆုံးအချက်အနေနဲ့ ပြောရရင် မောင်တောက ဘင်္ဂါလီ အကြမ်းဖက် အုပ်စုဟာ နိုင်ငံတကာအကြမ်းဖက်အဖွဲ့စည်းများနဲ့ ကွန်ယက်သဖွယ် အချိတ်ဆက်ရှိနေတာကြောင့် အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းသို့ အဆိုပါ IS အစွန်းရောက်များ ဝင်ရောက်မလာစေရေးအတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါတွေကို ကြိုတင်ကာကွယ်တားဆီးနိုင်မှသာ အမျိုားသားလုံခြုံရေးက စိတ်အေးရမှာဖြစ်သလို အကြမ်းဖက်အန္တရာယ်များမှလည်း ကင်းဝေးစေမှာ ဖြစ်ပါတယ်။ လက်ရှိလုံခြုံရေးအနေထားများအရကတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာ အထက်က ခိုးဝင်ဘင်္ဂါလီသတင်းတွေ နဲ့ မောင်တောမှာ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲ သတင်းတွေက ညွှန်ပြနေပါကြောင်း။

No comments:

Post a Comment