Saturday, November 19, 2016

ဝန်ကြီးဟောင်းများ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည်မဟုတ်

ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ ဝန်​ကြီး​ဟောင်းများ ၊ ပါတီထိပ်​ပိုင်း​ခေါင်း​ဆောင်​များ ဝင်​ပြိုင်​မှာ မဟုတ်​ဘူးလို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟို အတွင်း​ရေးမှူး ဦးပိုက်​​ထွေးက ​ပြောကြားလိုက်​ပါတယ်​။ "အဓိကက​တော့ ပါတီက လူငယ်​​တွေကို ဦးစား​ပေးချင်​တာရယ်​ ၊ ​ပြီးခဲ့တဲ့​ရွေး​ကောက်​ပွဲ ရှုံးနိမ့်​တဲ့ ကိုယ်​စားလှယ်​​လောင်း အ​ဟောင်း​တွေရယ်​ ​နေရာ​ပေးချင်​လို့ပါ"လို့သူကဆိုပါတယ်​။ ဒါ့အပြင်​ ပါတီ​ပြော​ရေးဆိုခွင့်​ရှိသူ ဦးခင်​ရီ​နေရာကိုလည်း လူငယ်​တစ်​ဦးနဲ့အစားထိုးမှာဖြစ်ပြီးမကြာမီ ရက်​ပိုင်းအတွင်း ထုတ်ပြန်သွားမှာဖြစ်တယ်လို့သူက​ပြောပါတယ်​။ ပြည်ခိုင်ဖြိုးပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲလစ်လပ်မဲဆန္ဒနယ်အားလုံးဝင်ရောက်ယှဉ်ပြိုင်မယ်လို့ကြေညာထားပါတယ် ။ စိုင်းလမင်း

No comments:

Post a Comment