Monday, November 21, 2016

တိုက်ကြီးမြို့ နယ်မှာ ပထွေးဖြစ်သူကရှစ်နှစ်အရွယ်မယားပါသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

တိုက်ကြီးမြို့နယ် သနပ်ချောင်းအုပ်စု စာဖြူစုကျေးရွာ မှာပထွေးဖြစ်သူက အသက်ရှစ်နှစ်အရွယ် မယားပါသမီးကို အဓမ္မပြုကျင့်မှု့ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့ညနေ ငါးနာရီခန့်မှာ မိခင်ဖြစ်သူမဌေးမြင့်က သနပ်ချောင်းဘူတာမှာ ဈေးရောင်းနေတဲ့အချိန် အသက်ရှစ်နှစ်အရွယ် သမီးငယ်က ငိုယိုပြီးပြေးလာတာ ကိုမေးမြန်းရင်း သိရှိခဲ့ရတာဖြစ်ပါတယ်။ မိခင်ဖြစ်သူကမေးမြန်းရာ ကလေးငယ်ဟာ သည်တစ်ကြိမ်ထဲ သာပြုကျင့်ခံရတာမဟုတ်ဘဲ အရင်ရက်ပိုင်းတွေမှာလည်း ပြုကျင့်ခဲ့တာတွေလည်းရှိတယ်လို့ သနပ်ချောင်းအုပ်စု မှအုပ်ချုပ်ရေးမှူးဦး မင်းလွင်ကပြောပါတယ်။ အဲသည်ကိစ္စနဲ့ပတ်သက်ပြီး တိုက်ကြီးမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ကျူးလွန်သူ အသက် ၃၆ နှစ်အရွယ်ရှိ ဦးစိုးမင်းလတ်ကို အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။ Kumudra /ဝင်းနန္ဒာ

No comments:

Post a Comment