Sunday, November 20, 2016

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မောင်တောနယ်မြို့နယ်ရှိ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးနှင့် လုံခြုံရေးစခန်းများသို့ ရောက်ရှိစစ်ဆေး


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်18-11-2016 ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ် မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ လိုက်ပါ၍ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ရှိ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးသို့ ရဟတ်ယာဉ်ဖြင့်ရောက်ရှိကြရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ်အောင်ဝင်းဦး၊ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ဦးစွာ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူးနှင့် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တာဝန်ရှိသူများမှ နယ်မြေသတင်း၊ နယ်မြေလုံခြုံရေး အခြေအနေနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များအပေါ် အသေးစိတ်ညွှန်ကြားခြင်း၊ လုံခြုံရေးတပ်ဖွဲ့အချင်းချင်း ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ တပ်မတော်နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်ရာတွင် ဟန်ချက်ညီ ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအား အသေးစိတ်ညွှန်ကြားခြင်းနှင့် ရည်မှန်းချက်တာဝန်များ ချမှတ်ပေးခြင်း တို့အား ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများပေးအပ်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် အိမ်ထောင်သည်လိုင်းခန်းများအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ၍ မကြာသေးမီကာလ ပဋိပက္ခများ ဖြစ်ပွားခဲ့သော်လည်း စိတ်ဓာတ်ကြံ့ခိုင်ပြီး တပ်ဌာနချုပ်အပေါ် သစ္စာရှိရှိရဲရဲဝံ့ဝံ့ ဆက်လက်နေထိုင်လျက်ရှိသဖြင့် စိတ်ဓာတ်ကြံ့ခိုင်မှု အပေါ်အသိအမှတ်ပြုပါကြောင်း၊ ဂုဏ်ယူပါကြောင်းနှင့် ဆက်လက်၍လည်း နိုင်ငံအကျိုးနှင့် တပ်အကျိုး အားကျရာအခန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း အသေးစိတ်မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ကြိမ်ချောင်းနယ်မြေရှိ တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက နယ်မြေသတင်းနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ရမည့် ကိစ္စရပ်များအား အသေးစိတ်ညွှန်ကြား၍ ကြိမ်ချောင်းကျေးရွာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။ ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဓမ္မပါလ အားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက်ဆရာတော်အား ကြိမ်ချောင်းဒေသအတွင်း ဒေသခံတိုင်းရင်းသားများ နေရပ်မှမစွန့်ခွာစေရေးနှင့် အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက ကူညီဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများနှင့် ဆရာတော်မှလည်း တိုင်းရင်းသားဒကာ၊ ဒကာမများကိုလုံခြုံရေးအပြည့်အ၀ ဆောင်ရွက်ပေးမှု အခြေအနေများအပေါ် မိန့်ကြားပေးရန်လျောက်ထားခဲ့သည်။ ယင်းနောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကိုစိုးရိမ်၍ ၎င်းဘုန်းကြီးကျောင်းအတွင်း ခေတ္တလာရောက်နေထိုင် နေသည့် လောင်းလုံကျေးရွာမှ တိုင်းရင်းသား မရမာကြီးလူမျိုး အိမ်ထောင်စု ၁၇ စုအား တွေ့ဆုံအားပေး စကားပြောကြားပြီး နိုဝင်ဘာ ၁၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါ၍ လောင်းလုံကျေးရွာ၌ ပြန်လည်အခြေပြု နေထိုင်နိုင်ရေး၊ ဆက်လက်ပြီး လုံခြုံရေးဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တောင်ပြိုလက်ဝဲနယ်မြေရှိ တပ်မတော်ရှေ့တန်း လုံခြုံရေးစခန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသအခြေအနေ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များ အသေးစိတ် ပေါင်းစပ်ညှိနှိုင်းညွှန်ကြားခဲ့ပြီး တောင်ပြိုလက်ဝဲနယ်စပ် တံတားနှင့် ၀င်/ထွက် ဂိတ် (POE- Point of Entry) အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်ညနေပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဘူးသီးတောင်တပ်နယ်သို့ ရောက်ရှိကြပြီး တပ်နယ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေး၍ အိမ်ထောင်သည်လိုင်းများအတွင်း မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment