Thursday, November 24, 2016

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်ပယ်စုံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Surapong Suwana-adth နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ေ တွ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံနယ်ပယ်စုံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ေ တွ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ကြသည်။ြ မ၀တီ

No comments:

Post a Comment