Friday, November 18, 2016

နိုဘယ်လ်ဆုပေးပွဲအခမ်းအနား မတက်ရောက်ဟု ဘော့ဒိုင်လန် အတည်ပြုပြောဆို

အခုနှစ် စာပေဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်ခံထားရတဲ့ အမေရိကန်တေးရေး၊ အဆိုကျော် ဘော့ဒိုင်လန် (Bob Dylan) က လာမယ့်လ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ကျင်းပမယ့် နိုဘယ်လ်ဆုပေးပွဲအခမ်းအနားကို မတက်ရောက်တော့ဘူးလို့ အတည်ပြုပြောဆိုပါတယ်။ တာဝန်ခံထားတဲ့ အလုပ်ကိစ္စတွေ မပြီးပြတ်သေးလို့ လာမယ့်လမှာကျင်းပမယ့် ဆုပေးပွဲကို မတက်ရောက်နိုင်တဲ့အကြောင်း ဘော့ဒိုင်လန်က ပုဂ္ဂိုလ်ရေးစာ ရေးသားပေးပို့ထားတယ်လို့ နိုဘယ်လ်ဆုချီးမြှင့်တဲ့ အကယ်ဒမီက ပြောပါတယ်။ နိုဘယ်လ်ဆု ချီးမြှင့်ခံရတဲ့အတွက် သူ အထူးဂုဏ်ယူဝမ်းမြောက်ပြီး သူကိုယ်တိုင် ဆုကို တက်ရောက်ယူလိုတဲ့ဆန္ဒ ရှိပါတယ်လို့လည်း အကယ်ဒမီက ပြောပါတယ်။ေ ဘာ့ဒိုင်လန်ဟာ ပြီးခဲ့တဲ့လက စာပေဆိုင်ရာ နိုဘယ်လ်ဆုအတွက် ရွေးချယ်ခံခဲ့ရပေမယ့် နိုဘယ်လ်ဆုနဲ့ပတ်သက်ပြီး သိပ်ဟက်ဟက်ပက်ပက် မရှိခဲ့တာကြောင့် သူ ဆုနဲ့ပတ်သက်ပြီး သိပ် စိတ်မရှင်းတာများ ရှိလို့လားဆိုပြီး အများက ထင်မြင်ခဲ့ကြပါတယ်။



အမေရိကန်ရိုးရာတေးဂီတမှာ ကဗျာဟန်တွေ ထည့်သွင်းရေးစပ်ပြီး ဂီတပုံစံသစ်တမျိုးကို တီထွင်နိုင်ခဲ့တဲ့အတွက် နိုဘယ်လ်ဆု ချီးမြှင့်ခံရတာပါ။

ဆွီဒင် ဓာတုဗေဒပညာရှင် အဲလ်ဖရက် နိုဘယ်လ် (Alfred Nobel) ကွယ်လွန်ခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကျရင် စတော့ဟုမ်းမြို့တော်မှာ နိုဘယ်လ်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။

No comments:

Post a Comment