Saturday, November 26, 2016

သွင်းဂိုးအများဆုံးစံချိန်နှင့်နီးစပ်ခဲ့သည့် ရွန်းနီအတွက် ဂုဏ်ယူကြောင်း နည်းပြမော်ရင်ဟို ချီးကျူး

နယ်သာလန်ကလပ်ဖီယင်နု အသင်းအား အနိုင်ရရှိခဲ့သည့် ယူရို ပါလိဂ်အုပ်စုပွဲစဉ်တွင် ဂိုးသွင်းယူ နိုင်ခဲ့သည့် အသင်းခေါင်းဆောင် ရွန်းနီအပေါ် နည်းပြမော်ရင်ဟိုက ချီးကျူးပြောကြားမှုများပြုလုပ်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်သွင်းဂိုး အများဆုံးစံချိန်အားလိုက်မီရန် အနီး စပ်ဆုံးဖြစ်ခဲ့သည့်အတွက် ဂုဏ်ယူမိ ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။ မန်ယူအသင်းခေါင်းဆောင် ရွန်းနီသည် ဖီယင်နုနှင့်ပွဲတွင်ရရှိခဲ့ သည့် သွင်းဂိုးတစ်ဂိုးကြောင့် မန်ယူ ကစားသမားဘ၀ သွင်းဂိုး ၂၄၈ ဂိုး အထိရှိလာခဲ့ခြင်းကြောင့် သွင်းဂိုး အများဆုံးအဖြစ် စံချိန်တင်ထား သည့် ဂန္ထ၀င်တိုက်စစ်မှူးဘော်လ်ဘီ ချာလ်တန်၏ ၂၄၉ ဂိုးစံချိန်အားလိုက် မီရန်တစ်ဂိုးသာ လိုအပ်ခဲ့ပြီဖြစ်သည်။ ထို့ပြင် ရွန်းနီသည် အဆိုပါသွင်းဂိုး ကြောင့် မန်ယူအသင်း၏ ဥရောပ သွင်းဂိုးအများဆုံးကစား သမားအဖြစ် ၃၉ ဂိုးနှင့်စံချိန်တင်နိုင်ခဲ့ကြောင်းလည်း စစ်တမ်းများအရ သိရသည်။

""ရွန်းနီအတွက် တကယ်ကို ကြီးမားတဲ့အောင်မြင်မှုရလဒ်တစ်ခု ပါ။ သူ့ရဲ့သွင်းဂိုးက အသင်းအတွက် တကယ်ကို အရေးပါခဲ့ပါတယ်။ မန် ယူလိုအစဉ်အလာကြီးမားတဲ့ အသင်း တစ်သင်းရဲ့ သွင်းဂိုးအများဆုံးကစား သမားအဖြစ်ရပ်တည်နိုင်မယ့် အခွင့် အရေးရဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒီအတွက် ရွန်းနီရဲ့စွမ်းဆောင်မှု တွေက တကယ်ကို အံ့သြမင်သက် စရာဖြစ်ခဲ့ပါတယ်""ဟု နည်းပြမော် ရင်ဟိုက မှတ်ချက်ပြုပြောကြားခဲ့ သည်။
ထို့အတူ ဆက်စပ်သတင်းများ အရ ယင်းပွဲစဉ်တွင်ခြေစွမ်းပြနိုင်ခဲ့ သည့် ကွင်းလယ်ကစားသမားမာခီ တာရန်က နိုင်ပွဲနှင့်အတူယုံကြည်မှု များ ပြန်လည်ရရှိခဲ့ကြောင်း၊ မန်ယူ အသင်းနှင့်အတူ အောင်မြင်မှုများ စတင်ရန်အတွက် အခန်းကဏ္ဍအ သစ်တစ်ခုဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပွဲအပြီးတွင် ကြုံးဝါးပြောကြားခဲ့ သည်။

No comments:

Post a Comment