Tuesday, November 29, 2016

ဘောလုံးပွဲကြည့်ပြီး သီချင်းဆိုပြန်လာသည့် လူငယ်နှစ်ဦးကို လူငါးဦးက ၀ိုင်းဝန်းတိုက်ခိုက်

ဘောလုံးပွဲကြည့်ပြီး သီချင်းဆိုကာ နေအိမ်သို့ ပြန်လာ သည့် အသက် (၂၀) ခန့်အရွယ် လူငယ်နှစ်ဦးကို လူငါးဦးခန့်က နေအိမ်အတွင်းမှထွက်၍ ဓားဖြင့် ခုတ်၊ တုတ်ဖြင့်ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ သင်္ဃန်းကျွန်းမြို့နယ် စံပြ စီမံကိန်း (၂)၊ အပိုင်း (၅)နေ အ သက် (၁၈)နှစ်အရွယ် ဟိန်းမိုး အောင်သည် သူငယ်ချင်း သန်း ထိုက်နှင့်အတူ နိုဝင်ဘာ ၂၇ ရက် နံနက်အစောက ဘောလုံးပွဲကြည့် ပြီး နေအိမ်သို့ သီချင်းဆို ပြန်လာ စဉ် ယင်းသို့ တိုက်ခိုက်ခံရကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သိရ သည်။ အဆိုပါရပ်ကွက်ရှိ မြ၀တီ လမ်းအတိုင်း နေအိမ်သို့ ပြန်လာ သည့် လူငယ်နှစ်ဦးအား အဆိုပါ လမ်းအတွင်းနေထိုင်သူ အသက် (၄၈)နှစ်အရွယ် ဦးသိန်းထွန်းအ ပါအ၀င် လူငါးဦးက ညစ်ညမ်းစွာ ဆဲဆို၍ ဓားဖြင့်ခုတ်၊ တုတ်ဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးကဆိုသည်။ ထိုသို့ ၀ိုင်းဝန်းရိုက်နှက်ခံရ သဖြင့် ဟိန်းမိုးအောင်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက်မောင်း၊ ခါးတွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး သန်းထိုက်၏ ညာပခုံး၊ တံတောင်နှင့် လက်နှစ်ဖက်တွင် ပေါက်ပြဲဒဏ်ရာ များ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ တက်ရောက်ကုသ ခဲ့ရကြောင်း ရဲအရာရှိက ရှင်းပြ သည်။ လူငယ်နှစ်ဦးကို ဓားဖြင့်ခုတ် ၀ိုင်းဝန်းရိုက်နှက်ခဲ့သည့် အမျိုး သားငါးဦးကို သင်္ဃန်းကျွန်းမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၄/၂၉၄/၃၂၃/၁၁၄ ဖြင့် အမှု ဖွင့်အရေးယူထားပြီး ဖမ်းဆီးနိုင် ရေး ဆောင်ရွက်နေကြောင်း သိရ သည်။ 7Day Daily

No comments:

Post a Comment