Friday, November 18, 2016

ရန်ကုန် ကမ်းနားလမ်းညဈေး နိုင်ငံတကာအဆင့်မီရန် ရည်ရွယ်ထား

ကမ်းနားလမ်းတွင် ပြောင်းရွှေ့ဖွင့်လှစ်မည့် ညဈေးတန်းကို နိုင်ငံတကာအဆင့်မီ ညဈေးတစ်ခုဖြစ် ရန်ရည်ရွယ်ထားသောကြောင့် သန့်ရှင်းမှုကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီစီမံဌာနမှ ဌာန မှူး ဦးမောင်မောင်ဇော်က ”အဲဒီ လို ရည်ရွယ်တဲ့အတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံ ပြီး လုပ်ထားတယ်။ အဲဒီဘက်က ကားလမ်းမပိတ်အောင်လည်း ကျွန်တော်တို့ စနစ်တကျ နေရာသတ် မှတ်ထားတယ်။ မလိုက်နာရင်တော့ စည်ပင်ဥပဒေအရ အရေးယူမယ်” ဟု ပြောသည် ။



၎င်းဈေးသစ်တွင် အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရန် ၂၄ဝ လီတာဆံ့အမှိုက်ပုံး ၅ဝ၊ ၆၆ဝ လီ တာဆံ့အမှိုက်ပုံး ၅ဝ ထားရှိ မည်ဖြစ်ပြီး ည ၁၁ နာရီနောက်ပိုင်းမှ စတင်ကာ သန့်ရှင်းရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။ ”ကျန်းမာရေးတဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ရောင်းချစေ ဖို့နဲ့ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း ကို ဂရုစိုက် ဆောင်ရွက်စေမှာပါ။ သတ်မှတ်ထားတဲ့အတိုင်း အမှိုက်ကို မပစ်ရင်ပထမတော့သတိပေး မယ် မရရင်တော့ ဈေးရောင်းခွင့် ပိတ်မယ်” ဟု ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆိုင်ခန်းများကို ၈ ပေပတ်လည်၊ ၄ ပေ ၈ပေ၊ ၄ ပေ ၆ ပေ ပတ်လည် သတ်မှတ်ထားပြီး စုစုပေါင်းဆိုင်ခန်း တစ်ထောင့်ခြောက်ရာကျော် သတ်မှတ်ထားပြီး ဖြစ် ကြောင်းသိရသည်။ ၎င်းညဈေးတန်းကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်သည်။ ”ဘယ်လိုပဲ နေရာယူယူ အဓိကက ဈေးရောင်းပြီးရင်သန့် သန့်ရှင်းရှင်းထားရမယ်။ ကျွန် တော်တို့လည်း ကြီးကြပ်နိုင်သ လောက်တော့လိုက် ကြီးကြပ်မယ်။ ဈေးသူ ဈေးသားတွေကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းစေချင် ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ညဈေးတန်းတွင် ရေအသုံးပြုရသည့် စားသောက်ဆိုင်များအတွက် ရေပိုက်လိုင်းများ ဆက်သွယ်ပေးခြင်း၊ ရေစုကန်များ၊ ရေတွန်းစက်များ၊ ရေတိုင်ကီ၊ ရေစင်များတည်ဆောက်ပေးခြင်းတို့ကိုဆောင်ရွက် ပေးလျက် ရှိသည်။ ထို့အပြင် အများသုံးအိမ်သာများ ကိုလည်း နေရာ ၆ နေရာတွင် တည်ဆောက်လျက်ရှိပြီး ရေနှင့် သန့်ရှင်းမှုများအတွက် ကျပ် ၁၂၃၄၅ သိန်းခန့်ကုန်ကျမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီမှ သိရသည်။ထို့အပြင် ဈေးခင်းတစ်ခုလုံးအလင်းရောင်လုံလောက်စွာ ရရှိ ရေးအတွက် Transformer  ၄ လုံး တပ်ဆင်ထားပြီး ပြည်သူ့လုံခြုံရေး အတွက်  CCTV ၁၃၇ လုံးကိုလည်း တပ်ဆင်သွားမည်ဖြစ်ကာ ယင်းတို့ အတွက် ကုန်ကျငွေခန့်မှန်း ကျပ် သိန်း ၅၆ဝဝ ကျော်ကုန်ကျမည် ဟုသိရသည်။ဈေးရောင်းချသူများသည် သန့်ရှင်းရေး ဆောင်ရွက်ခအဖြစ် ၈ ပေပတ်လည် ဆိုင်ခန်းများ အ တွက် တစ်ရက်လျှင် ကျပ်သုံးရာ၊ ရေဖိုး ကျပ် ၃ဝဝ နှင့် ၄ ပေ ၈ ပေနှင့် ၄ ပေ ၆ ပေ ပတ်လည် ဆိုင်ခန်းများအတွက် သန့်ရှင်းရေး ဆောင်ရွက်ခကျပ် ၁၅ဝ၊ ရေဖိုး ကျပ်၁၅ဝ ကောက်ခံ သွားမည် ဖြစ်ကြေင်း သိရသည်။ ထူးထူး

No comments:

Post a Comment