Saturday, November 26, 2016

မူဆယ်တွင် ညပိုင်းအပြင်မထွက်ရန် သတိပေးမှုများရှိ

မူဆယ်မြို့တွင် ညမ ထွက်ရအမိန့်ထုတ်ပြန်ထားခြင်းမ ရှိသော်လည်းမြို့အစွန်နေရာများ ၌ လုံခြုံရေးအရကင်းလှည့်စဉ် မတော်တဆမှားယွင်းနိုင်၍ ည ပိုင်းမထွက်ရန် သက်ဆိုင်ရာက သတိပေးပြောကြားမှုများရှိ ကြောင်း သတင်းရရှိသည်။
မူဆယ်မြို့တွင် ည ၈နာရီခွဲ နောက်ပိုင်း၌ အပြင်မထွက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတစ် ဆင့် လိုက်လံအသိပေးနေသည် ဟု မူဆယ်မြို့ရှိ ဟိုတယ်တစ်ခု၌ တည်းခိုနေသူတစ်ဦးက နိုဝင်ဘာ ၂၅ရက် ညက ပြောသည်။ ‘‘ကျွန်တော်တို့တည်းတဲ့ ဟို တယ်ကိုတော့ နှုတ်နဲ့လာပြော သွားတယ်။ အဲဒါအပြင်ထွက်ရင် စိတ်မချရဘူးလို့ ဟိုတယ်က ကျွန် တော်တို့ကိုပြောတယ်’’ဟု ၎င်းက ဆိုသည်။ ယင်းနှင့်ပတ်သက်၍ မူဆယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဦးစီးအရာရှိဦးဇော်မင်းက ‘‘သူ့ရပ်ကွက်နဲ့သူ အစီအစဉ်လေး တွေရှိလို့ဖြစ်ပါလိမ့်မယ်။ လုံခြုံ ရေးအရ လှည့်ကင်းဆောင်ရွက် တဲ့အခါမှာ မှားယွင်းတာတွေဖြစ် မှာစိုးလို့ပါ။ လူကောင်းနဲ့လူဆိုးခွဲ ဖို့က ခက်တယ်လေ။ ညဘက်မှာ ဆိုရင်’’ဟု ပြောသည်။

အာဏာပိုင်အဖွဲ့အစည်းအ နေဖြင့် နိုဝင်ဘာ ၂၅ရက်အထိ ည ၈နာရီနောက်ပိုင်းမထွက်ရဆို သည့် အမိန့်ထုတ်ပြန်ထားခြင်းမရှိ ဟု ဦးဇော်မင်းကဆိုသည်။
‘‘မသင်္ကာဘူး ၀င်လာနိုင်တဲ့ လမ်းကြောင်းတွေကို များများ လှည့်တာပေါ့။ တချို့ကျတော့ သာမန်ရိုးရိုးတန်းတန်းလူက၀င် ပြီးတော့ အစစ်ဆေးခံတာရှိတယ် လေ။ ရပ်ပေးတဲ့ကားတွေက ပြဿနာမရှိဘူး။ တချို့ကျတော့ မောင်းပြေးသွားတာတို့ဆိုရင်ဒီမှာ ကလည်းလက်နက်ကလည်းပေါ တယ်လေ။ ပစ်ပြေးတာတွေဆို ရင် ဘေးကဖြတ်လာတာမျိုးနဲ့ဆို ရင်မတော်တဆထိခိုက်မှုလေး တွေဖြစ်သွားမှာစိုးတယ်လေ။ ကြို တင်စိုးရိမ်မှုကြောင့်ဖြစ်ပါတယ်။ ပုံမှန်အတိုင်းထင်သာမြင်သာရှိ နေတဲ့ နေရာတွေကသွားကြပါ တယ်။ အစွန်အဖျားတွေကျတော့ နည်းနည်းစိုးရိမ်ရတယ်လေ’’ဟု ၎င်းကပြောကြားသည်။
မူဆယ်မြို့ လုံခြုံရေးအ တွက် တပ်မတော်အင်အားအ ပြည့်အ၀နီးပါးဖြင့်ဆောင်ရွက်နေ သည့်အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ဌာနေပြည်သူ့စစ်အဖွဲ့များ ပူး ပေါင်းဆောင်ရွက်နေ၍ မြို့၏ တည်ငြိမ်မှုအပြည့်အ၀နီးပါးရရှိ နေပြီဟု သတင်းရရှိသည်။
နိုဝင်ဘာ ၂၅ ရက်တွင် မူဆယ်ဒေသလုံခြုံရေးအတွက် တပ်မတော်က အင်အားထပ်မံ တိုးမြှင့်ခဲ့သည်။
တပ်မတော် ရဟတ်ယာဉ် ငါးစီးထက်မနည်း မူဆယ်သို့ ရောက်ရှိလာကာ လက်နက်ခဲ ယမ်းများနှင့် တပ်ဖွဲ့ဝင်အင်အား များစွာ တိုးမြှင့်ခဲ့သည်။
‘‘လုံခြုံရေးကိုတော့ တပ်မ တော်ကလည်း အင်အားပိုမိုပြီး တော့မှ အပြည့်အ၀နီးပါးဖြစ်နေ ပြီ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရော၊ ဌာ နေ ပြည်သူစစ်တွေကရော ၀ိုင်း ပြီးလုပ်နေတဲ့အတွက် မြို့က တည်ငြိမ်မှု အပြည့်အ၀နီးပါးရနေ ပါပြီ’’ဟု မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာ ရှိ ဦးဇော်မင်းက ပြောကြားသည်။
မူဆယ်မြို့တွင် မူလက စစ် ဘေးရှောင်ကယ်ဆယ်ရေးစခန်း ကိုးခုဖွင့်လှစ်ထားပြီး စစ်ဘေး ရှောင်ပြည်သူသုံးထောင်ကျော်ရှိ ရာ နိုဝင်ဘာ ၂၅ရက်တွင် စစ် ဘေးရှောင်ပြည်သူတစ်ထောင် ခန့်သာကျန်တော့ကြောင်းမူဆယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှသိရသည်။
7 Day

No comments:

Post a Comment