Tuesday, November 29, 2016

ဘရာဇီးထိပ်တန်းဘောလုံးအသင်းတစ်သင်းစီးနင်းလာသည့် လေယာဉ် ကိုလံဘီယာတွင်ပျက်ကျ

ဘရာဇီးထိပ်တန်းဘောလုံးအသင်းတစ်သင်းအပါအ၀င် ခရီးသည် ၈၁ ဦးကိုတင်ဆောင်လာသော လေယာဉ်တစ်စင်းသည် ကိုလံဘီယာနိုင်ငံ မယ်ဒယ်လင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရာလမ်းခုလတ်တွင် ပျက်ကျခဲ့သည်။ေ လယာဉ်ပျက်ကျမှုမှ လူ ၆ ဦသာ လွတ်မြောက်ပြီး၊ လျှပ်စစ်ဆိုင်ရာချွတ်ယွင်းမှုကြောင့် ယခုကဲ့သို့ပျက်ကျရခြင်းဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနများက ရေးသားကြသည်။ ယင်းလေယာဉ်မှာ ဘိုလစ်ဗီးယားနိုင်ငံမှ ပျံသန်းလာသော စင်းလုံးငှားလေယာဉ်ဖြစ်ပြီး ဘရာဇီးနိုင်ငံမှ ထိပ်တန်းဘောလုံးအသင်းတစ်သင်းဖြစ်သည့် Chapecoense အသင်းသားများကိုပါ သယ်ဆောင်လာသောလေယာဉ်ဖြစ်သည်။ Chapecoense ဘောလုံအသင်းသည် မယ်ဒယ်လင်းမြို့ခံ Atletico Nacional အသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကန်ရန် လာကြခြင်းဖြစ်သည်။ေ လယာဉ်မပျက်ကျမီတွင် လျှပ်စစ်ဆိုင်ရာပြဿနာဖြစ်နေကြောင်းသတင်းပို့ချက်ကို မယ်ဒယ်လင်းလေကြောင်းထိမ်းသိမ်းရေးမျှော်စင်ဆီသို့ သတင်းပို့ခဲ့ကြောင်း လေဆိပ်အာဏာပိုင်အဖွဲ့မှ တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ PN-002

No comments:

Post a Comment