Tuesday, November 29, 2016

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ စည်းကြပ်အခွန်ဝင်ငွေ ယခင်ပမာဏ၏ ၁ ရာခိုင်နှုန်းသာ ရရှိ

မူဆယ် ၁၀၅ မိုင်နယ် စပ်ကုန်သွယ်ရေးစခန်းမှ စည်း ကြပ်ကောက်ခံရရှိသည့် အခွန်ဝင် ငွေမှာ ယခင်က တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၁၀ သန်း ကျော်ရှိသော်လည်း လက်ရှိတွင် ယင်းပမာဏ၏ ၁ ရာခိုင်နှုန်းသာ အခွန်ဝင်ငွေ ပြန်လည်ရရှိသေး ကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေး မှူးရုံးမှ သတင်းရရှိသည်။ နယ်မြေလုံခြုံရေး အခြေ အနေများကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ကုန် သွယ်ရေး လုပ်ငန်းများကို နိုဝင်ဘာ ၂၀ ရက်ကစ၍ ငါးရက်ခန့် ရပ် တန့်ခဲ့သည်။ သွင်းကုန်ထုတ်ကုန်လုပ်ငန်း များ ပြန်လည်စတင်ဆောင်ရွက်ခဲ့ သည့် နိုဝင်ဘာ ၂၅ ရက်က ပုံမှန် အနေအထား မရောက်သေးဘဲ ကုန်သွယ်မှု အခွန်ဝင်ငွေ ဒေါ်လာ ၀ ဒသမ ၉၆ သန်းနှင့် နိုဝင်ဘာ ၂၆ ရက်က ဒေါ်လာ ၁ ဒသမ ၈၇ သန်း စုပေါင်းရရှိခဲ့ကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။ ‘‘နေ့စဉ်ဆိုရင် ပုံမှန်ထက် ၁ ရာခိုင်နှုန်းလောက်ပဲ ရှိသေးတာ ပေါ့’’ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

မူဆယ်နယ်စပ် ကုန်သွယ် ရေးမှ စည်းကြပ် ကောက်ခံရရှိ သည့် အခွန်ဝင်ငွေမှာ ပုံမှန်အခြေ အနေ၌ နေ့စဉ် အမေရိကန်ဒေါ် လာ ၁၀ သန်းကျော်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သတင်း ရရှိသည်။
လက်ရှိတွင် မူဆယ်-လား​ရှိုး ပြည်ထောင်စုလမ်းမကြီးသည် လုံ ခြုံရေးအခြေအနေ စိုးရိမ်ရသည့် အနေအထားဖြစ်၍ ကုန်တင် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာရန် အခက်အခဲ ရှိနေ သည်။ နိုဝင်ဘာ ၂၇ ရက်တွင် မြန်မာမှ တရုတ်ဘက်သို့ ဆန်နှင့် အသီးအနှံများ တင်ဆောင်ထား သည့်ယာဉ်များအပါအဝင် ကုန် တင်ယာဉ် ၂၇၉ စီးတင်ပို့နိုင်ခဲ့ ကြောင်းနှင့် တရုတ်ဘက်မှ မြန်မာဘက်သို့ ဆောက်လုပ်ရေးသုံး ပစ္စည်းအများစု ပါဝင်သည့်ယာဉ် များ အပါအဝင် ကုန်တင်ယာဉ် ၁၈၃ စီး ဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးစခန်းသည် တစ်နိုင်ငံလုံး ကုန် သွယ်မှုလုပ်ငန်း၏ ၇၀ ရာခိုင်နှုန်း ကျော် လုပ်ငန်းဆောင်ရွက်နေ သည့် အဓိကကုန်သွယ်ရေးဂိတ် ပေါက်ဖြစ်သည်။
ကချင်တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ (KIO/KIA) ၊ တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA)တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၂၀ ရက်တွင် ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအပါအဝင် အစိုးရလုံခြုံရေး တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာမှ ယင်း ဒေသတွင် တိုက်ပွဲများ နေ့စဉ်ဖြစ် ပေါ်နေပြီး ကုန်တင်ယာဉ်မောင်း များအပါအဝင် အရပ်သားသေ ဆုံးမှု၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ် ခဲ့သည်။
တံတားများ မိုင်းခွဲခံရခြင်း၊ တိုက်ပွဲများဖြစ်ပွားခြင်းတို့ ကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် သယ် ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ရပြီး ပြည်သူများ ၏ လူမှုစီးပွားဘဝများကို ထိခိုက် စေခဲ့သည်။
7 Day

No comments:

Post a Comment