Tuesday, November 22, 2016

မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၏ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်သွားမည်ဟု အသိပေးကြေညာချက်ထုတ်ပြန်

မလေးရှားနိုင်ငံရှိ ရပ်ဝေးနေ မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူး လက်မှတ်ကိစ္စနှင့် ကောင်စစ်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် ကွာလာလမ် ပူမြို့ရှိ မြန်မာသံရုံးသို့ လာရောက်ကြရာတွင် ကွာလာလမ်ပူမြို့ အဝေးပြေးကားဂိတ် (TBS) သို့ နံနက်အစောပိုင်း၌ ရောက်ရှိစဉ် အငှားယာဉ်မောင်းသမားအချို့၏ အုပ်စုဖွဲ့အနိုင်ကျင့် လုယက်ခံရမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသဖြင့် ရပ်ဝေးနေ မြန်မာနိုင်ငံသားများအနေဖြင့် ကွာလာလမ်ပူမြို့သို့ လာရောက်ကြရာတွင် ညပိုင်းထွက်ခွာသည့် ဘတ်စ်ကားများဖြင့် လာရောက်ခြင်းမပြုကြဘဲ နံနက်ပိုင်း ထွက်ခွာသည့် ဘတ်စ်ကားများဖြင့်သာ လာရောက်ကြပါရန်နှင့် သံရုံးသို့ နေ့လယ် ၂ နာရီအချိန်အထိ နောက်ဆုံးထား ရောက်ရှိလာကြသူများအတွက်လည်း ရုံးလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။ ထို့ပြင် သံရုံး၏ လုံခြုံရေးအား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် သံရုံးကောင်စစ်ဝင်းဂိတ်တံခါးအား နံနက် ၀၈၀၀ နာရီအချိန်တွင်မှသာ စတင်ဖွင့်လှစ် မည်ဖြစ်ပြီး သံရုံးအဆောက်အဦအတွင်းသို့ ရုံးကိစ္စဆောင်ရွက်မည့် ကာယကံရှင်များကိုသာ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ပါသည်။ အခြားမသက်ဆိုင်သူများအား သံရုံးဝင်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါကြောင်း အသိပေးထားသည်။

No comments:

Post a Comment