Wednesday, November 23, 2016

ရခိုင့် သယံဇာတကို ကိုယ်တိုင် ခွဲဝေ သုံးစွဲခွင့် ရရှိရေး အရပ်ဘက် လူမှုအဖွဲ့များမှ လူဦးရေ တစ်ရာကျော် မိုင်ပေါင်း ၃ဝဝ ကျော် လမ်းလျှောက် ချီတက်

ရခိုင်ပြည် နယ်မှထွက်ရှိသည့် သဘာဝသယံ ဇာတများကို ကိုယ်တိုင်ခွဲဝေသုံးစွဲခွင့် ရရှိရေးအတွက် မိုင်ပေါင်း ၃ဝဝ ကျော် ကွာဝေးသည့် စစ်တွေမှ ကျောက်ဖြူ သို့ လမ်းလျှောက်ချီတက်ပွဲကို နိုဝင် ဘာလ ၂၁ ရက် နံနက်မှစတင်ကာ စစ်တွေမြို့ ဝင်္ကပါကွင်းမှ စတင်ထွက် ခွာခဲ့ကြောင်း သိရသည်။ ''ကျွန်တော်တို့ လက်ရှိမြန်မာ နိုင်ငံမှာ ရခိုင်ပြည်နယ်ဟာ ရေသယံဇာတ၊ ကုန်းသယံဇာတ၊ တခြားသစ် တောသယံဇာတတွေဆိုသလို သယံဇာတတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲလိုအများကြီးရှိပေမယ့် ရခိုင်ပြည်နယ်ဟာ ဆင်းရဲမွဲတေလာရတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ ရခိုင် ပြည်နယ်ရဲ့ အနာဂတ်ကာလကို ပုံ ဖော်ဖို့နေရာမှာ ကျွန်တော်တို့ ရခိုင် ပြည်သူလူထုရဲ့ ဆန္ဒအတိုင်းပဲ ကျွန် တော်တို့ သယံဇာတတွေ၊ မြေ ယာ တွေကို ကျွန်တော်တို့ စီမံခန့်ခွဲချင်တယ်။ စီမံဖန်တီးချင်တယ်''ဟု ရခိုင့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ကွန်ရက်အဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ ကိုထွန်းကြည်က ပြောကြားသည်။

လမ်းလျှောက်ချီတက်ပွဲကို ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာကွန်ရက်မှ ဦးဆောင်၍ ရခိုင် ပြည်နယ်အတွင်းမှ အရပ်ဘက်လူမှု အဖွဲ့ပေါင်း ၂ဝ ခန့်မှ လူဦးရေ ၁ဝဝ ကျော်အပါအဝင် ရခိုင်ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်တချို့ ပါဝင်လမ်း လျှောက်ကြသည်။ ယခုလမ်းလျှောက်ခရီးသည် စစ်တွေ-ရန်ကုန် ပြည်ထောင်စုကား လမ်းမအတိုင်း စတင်လာခြင်းဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် ရပ်နားကာ သဘာဝသယံဇာတနှင့် ပတ်သက်သည့် ဟောပြောခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ခရီးသည် ၁၃ ရက်ခန့် ကြာမြင့် နိုင်မည်ဖြစ်ကြောင်းသိရသည်။
GC

No comments:

Post a Comment