Saturday, November 26, 2016

အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူ ၁၆ ဦး ထပ်မံဖမ်းဆီးရမိ

တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အောက်တိုဘာလ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ် တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူ မောင်နှမတောင်ရွာမှ နိုရူကာမာ အပါဝင် ၁၆ ဦးအား နိုဝင်ဘာ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် သပ်ကယ်ပြင်ကျေးရွာနှင့် မောင်နှမကျေးရွာကြားမှ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ထားကြောင်း သိရသည်။

No comments:

Post a Comment