Friday, November 25, 2016

မောင်တောရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများအား အခြေခံစစ်ပညာသင်တန်းပေး

 မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာ အခြေစိုက် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ် ကဲမှု အဖွဲ့မှူးရုံး၏ လက်အောက် တွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများအား နယ်ခြားစောင့်ရဲဌာနချုပ်တွင် အခြေခံစစ်ပညာသင်တန်းများ သင်ကြားပေးနေ ကြောင်း သတင်းရရှိသည်။ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အခြေခံစစ်ပညာသင်တန်း ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး သင်တန်းကာလ တစ်လကျော် ကြာမြင့်မည်ဖြစ်ကြောင်း နယ်ခြားစောင့် ရဲအရာရှိတစ်ဦးကပြောသည်။ ‘‘နယ်စပ်ဒေသမှာ နေရ တယ်။ အိမ်ရှင်ကိုယ်တိုင်ကလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်။ အဲဒါကြောင့် ဇနီးသည် တွေအနေနဲ့ အခြေခံစစ်ပညာကို တတ်သင့် တတ်ထိုက်တဲ့အတွက် အခုလို သင်တန်းဖွင့်လှစ်ရတာ ဖြစ်ပါတယ်’’ဟု အထက်ပါ ရဲ အရာရှိကဆိုသည်။


အလားတူ မောင်တောခရိုင် နှင့် မြို့နယ်ရဲတပ်ဖွဲ့စခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ရဲ တပ်ဖွဲ့ဝင်များ၏ ဇနီးသည်များ လည်း အခြေခံစစ်ပညာသင်တန်း တက်ရောက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၉ ရက်က မောင်တောအခြေစိုက် နယ်ခြား စောင့်ရဲဌာနချုပ်အပါအ၀င် စခန်းသုံးခုကို အကာလ်မူလ်မူဂျာဟီဒင်န်အဖွဲ့က အကြမ်းဖက် စီးနင်းတိုက်ခိုက်ပြီးနောက် မောင်တောနယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမများနေရာ၌ ကျောင်းဆရာများဖြင့် အစားထိုး တာဝန်ပေးအပ် ကာ အခွင့်အရေးရပါက ကျောင်းဆရာများကို အခြေခံစစ်ပညာများ သင်ကြားပေးရန် ရည်ရွယ်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက မောင်တောခရီးစဉ်တွင် ပြောကြားထားသည်။ မောင်ကံ

No comments:

Post a Comment