Wednesday, November 23, 2016

ပေကျင်း၌ လေထု ညစ်ညမ်းစေသော ကားများကို ပိတ်ပင်မည်

လေထု ညစ်ညမ်းမှုကြောင့် သတိပေးချက်များ ထုတ်ပြန်ထားသော တရုတ်နိုင်ငံ ပေကျင်းမြို့၌ မီးခိုးများ ထွက်ခြင်းကြောင့် လေထု ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော ကားဟောင်းများ မောင်းနှင်ခြင်းကို လာမည့်နှစ်တွင် ပိတ်ပင်သွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ကာကွယ်ရေးဌာန က နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။ တရုတ်နိုင်ငံ မြောက်ပိုင်းဒေသရှိ မြို့များ၌ ဆောင်းရာသီတွင် ပိုမိုဖြစ်ပွားသော မီးခိုးမြူများ ဖုံးလွှမ်းခြင်းကို လျှော့ချရန် နှစ်ပေါင်း များစွာကြာ နည်းမျိုးစုံသုံး၍ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းဒေသ၌ မီးခိုးမြူများ ဖုံးလွှမ်းခြင်းကြောင့် နေ့စဉ် လူမှုဘဝကို ထိခိုက်စေပြီး ယာဉ်အန္တရာယ် ကို ဖြစ်ပေါ်စေကြောင်း သိရသည်။

တာဝန်ရှိသူများသည် လာမည့် ဖေဖော် ဝါရီ ၁၅ ရက်တွင် ၁ဝ နှစ်ကျော်ကြာ သက်တမ်းရှိ သည့် ယာဉ်များကို ပေကျင်းမြို့တွင်း မောင်းနှင်ခြင်းမှ ပိတ်ပင် သွားမည်ဖြစ်ကြောင်းနှင့် ပေကျင်း၊ ဟူပေးပြည်နယ်နှင့် တီအန်ကျင်း မြို့တို့တွင် လိမ္မော်ရောင် သို့မဟုတ် အနီရောင် အဆင့် သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ် ရေးဌာနက ပြောသည်။ တာဝန်ရှိသူများသည် လမ်းပေါ်တွင် ရှိနေသည့် စည်းကမ်းချိုးဖောက် သော ယာဉ်များကို ဒဏ်ကြေး အဖြစ် လေးနာရီလျှင် တစ်ကြိမ် ယွမ် ၁ဝဝ ပေးဆောင်စေ မည်ဖြစ်ကြောင်း သိရသည်။
မြ၀တီ

No comments:

Post a Comment