Tuesday, November 29, 2016

မော်လမြိုင် ကမ်းနားလမ်းကို ကျပ်သိန်း ၁,၅၀၀ အကုန်အကျခံ အဆင့် မြှင့်တင် မည်

မွန်ပြည်နယ် မော်လ မြိုင်မြို့ ကမ်းနားလမ်းကို မြို့နယ် စည်ပင်သာယာရေး အဖွဲ့က ကျပ် သိန်း ၁,၅၀၀ ကျော် အသုံးပြု၍ အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ေ မ်ာလမြိုင်မြို့ ကမ်းနား လမ်းရှိ အရှည် ၄,၂၆၄ ပေကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သိန်း ၁၅၇၉ ဒသမ ၅ ဖြင့် အဆင့်မြှင့် ပြုပြင်မည်ဖြစ်သည်။ ‘‘မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့က ဦးစီးပြီး နိုဝင်ဘာ ဒုတိယပတ် ကတည်းက ပြုပြင် တာတွေ လုပ်တာပါ။ ဒီနှစ်ကစပြီး ပြုပြင်တယ်။ အရင်လမ်းတွေကို ထပ်ပိုးလွှာခင်းကျင်းတဲ့ သဘော ပါ။ လမ်းအထူက ၄ လက်မကျော် လောက် ထပ်မြှင့်မယ်။ စုန်ရေ ကုမ္ပဏီ တာဝန်ယူထားတဲ့ ကမ်း နားလမ်းအပိုင်းကိုတော့ ကျွန် တော်တို့ ပြုပြင်မှာမဟုတ်ပါဘူး။ ကမ်းနားလမ်းမှာ လူမြင်မကောင်း တဲ့ လမ်းတွေကို အဆင့်မြှင့် ပြု ပြင်တဲ့သဘောပါ’’ဟု မော်လမြိုင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့် အောင်က ပြောသည်။ေ မ်ာလမြိုင် ကမ်းနားလမ်း သည် အဆင့် (၆) အထိရှိပြီး အ ဆင့်(၁)မှ(၅)ကို စည်ပင်မှ တာ ၀န်ယူပြုပြင်မည်ဖြစ်ပြီး အဆင့် (၆) ကို စုန်ရေကုမ္ပဏီက တာဝန် ယူပြုပြင်မည်ဖြစ်ကြောင်း ဦးမြင့် အောင်က ဆိုသည်။ေ မ်ာလမြိုင်မြို့တွင် လမ်းတံတားနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ အသုံးပြုရန် မွန်ပြည်နယ် စည်ပင်သာ ယာရေးအဖွဲ့က ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁,၁၂၆ ဒသမ ၀၈၃ သန်း ရရှိထားသည်။ 7Day Daily

No comments:

Post a Comment