Wednesday, November 23, 2016

ခေတ်ဟောင်းမော်တော်ယာဉ်များဖြင့် မြန်မာနိုင်ငံအတွင်း လည်ပတ်မည်

မြန်မာနိုင်ငံရှိမြို့ကြီးအချို့သို့ ခေတ်ဟောင်းမော်တော်ယာဉ်အစီး ၂၂စီးဖြင့် လည်ပတ်ရန် ဘယ်လ်ဂျီယမ်နိုင်ငံသားများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့မှ ယနေ့(နိုဝင်ဘာ ၂၂ရက်)နံနက် ၅နာရီခွဲခန့်က တောင်ကြီးမြို့သို့ ထွက်ခွာသွားကြောင်း ကျိုင်းတုံမြို့ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နှစ်နိုင်ငံခရီးသွား ကုမ္ပဏီများ၏ စီစဉ်မှုဖြင့် ထိုသို့လည်ပတ်ရန်အတွက် ဘယ်လ်ဂျီယမ်နိုင်ငံသားများသည် နိုဝင်ဘာ ၂၁ရက်က ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အမှတ်(၁)ချစ်ကြည်ရေး တံတားမှ စတင်ဝင်ရောက်ခဲ့ကြောင်း အဆိုပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစံလင်းက ပြောကြားသည်။ ဘယ်လ်ဂျီယမ်နိုင်ငံသား Mr.Frans Maria Acelen ဦးဆောင်ပြီး အဖွဲ့ဝင် ၅၀ဦးပါဝင်သည့် အဆိုပါအဖွဲ့သည် တာချီလိတ်၊ ကျိုင်းတုံ၊ နမ့်စန်၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပုဂံ၊နေပြည်တော်နှင့် ရန်ကုန်မြို့ကြီးများသို့ နိုဝင်ဘာ ၂၁ရက်မှ ဒီဇင်ဘာ ၁ရက်အထိ လည်ပတ်ကြမည်ဖြစ်သည်။ The Voice

No comments:

Post a Comment