Friday, November 25, 2016

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ဃ အမြန်ဆုံးပြင်ပေးဖို့ လှုပ်ရှားမှုတခုပြုလုပ်

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ဃ အမြန်ဆုံးပြင်ပေးဖို့ ဆိုပြီး ဒီနေ့နေ့လယ်ပိုင်းမှာ ကဗျာဆရာ မောင်းဆောင်းခ၊ မချောစန္ဒီထွန်းတို့ အပါအဝင် လူငယ်တချို့ဟာ ကမာရွက်တရားရုံးနားမှာ လှုပ်ရှားမှုတခုပြုလုပ်နေပါတယ်။ သူတို့ဟာ လက်ကမ်းစာစောင်ဝေတာတွေ ပုဒ်မ ၆၆ဃ အမြန်ဆုံးပြင်ပေး စတေကာတွေ လိုက်ဝေတာတွေပြုလုပ်ကြပါတယ်။ လက်ရှိမှာလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ဃ နဲ့ပတ်သက်ပြီး  ဥပဒေပညာရှင်တွေနဲ့တိုင်ပင်နေကာ လွှတ်တော်နဲ့ဥပဒေကြမ်းကော်မရှင်ကိုတင်သွင်းသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဆိုက်ဘာဥပဒေရှိတယ်ဆိုရင် ဒီပုဒ်မကိုပယ်ဖျက်သင့်ကြောင်း ကဗျာဆရာ မောင်းဆောင်းခက ပြောပါတယ်။ လက်ရှိအချိန်ထိတော့ ဒီဥပဒေနဲ့ပက်သက်ပြီး အမှုပေါင်း ၃၃မူတရားစွဲခံထားပြီး၊ ၁၂ဦးတရားရငိဆိုင်နေရပါတယ်။

No comments:

Post a Comment