Wednesday, November 23, 2016

တက္ကဆက်နှင့် မစ်ဆိုရီ၌ ရဲအရာရှိနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တက္ကဆက်ပြည်နယ်၌ ရဲအရာရှိတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး နောက်ထပ် ရဲအရာရှိတစ်ဦး မစ်ဆိုရီ၌ ပစ်သတ်ခံရ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မစ်ဆိုရီ၌ ဖြစ်ပွားသည့် သေနတ် ပစ်ခတ်မှုတွင် သံသယရှိသူကို အာဏာ ပိုင်များက အသေပစ်သတ်ခဲ့ရသည်။ သေနတ်ပစ်ခတ်မှုနှစ်ခုသည် ဆက်စပ် ဟန်မရှိကြောင်း သိရသည်။ ဖလော်ရီဒါ၌လည်း ရဲအရာရှိတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခြင်းခံခဲ့ရပြီး ဒဏ်ရာ ပြင်းထန်မှုမရှိကြောင်း သိရသည်။ တက္ကဆက်၌ဖြစ်ပွားသည့် သေနတ် ပစ်ခတ်မှုတွင် ရဲအရာရှိသည် ရဲဌာနချုပ် အပြင်ဘက်ရှိ ရဲကားအတွင်း ထိုင်နေ စဉ် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ သည်။ သေနတ်သမားသည် ရပ်ထားသည့် ရဲကား၏ အနောက်၌ ၄င်း၏ကားကို ရပ်တန့်ခဲ့ပြီး ကင်းလှည့်နေသည့်  ကားဆီ သို့ လျှောက်သွားခဲ့ကာ လက်မှတ်ဖြတ် ပိုင်းရေးနေသည့် ရဲအရာရှိ၏ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်လိုက်ကြောင်း ရဲအရာရှိချုပ် ဝီလီယံမက်မာနပ်စ်က ပြောကြားခဲ့သည်။ ထို့နောက် သေနတ်သမားသည် အဆိုပါ ရဲအရာရှိကို ပြတင်းပေါက် မှနေ၍ နောက်တစ်ချက် ထပ်မံပစ်သတ် ခဲ့ပြီး ၄င်း၏ကားဆီသို့ ပြန်သွားကာ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ သေနတ်ဖြင့် ပစ်သတ်ခံရသူ ရဲအရာရှိ၏ အမည်မှာ ဘင်ဂျမင်မာ ကော်နီဖြစ်ပြီး ရဲဌာန၌ လုပ်သက် အနှစ်၂ဝရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ နာရီအနည်းငယ် ကြာပြီးနောက်တွင် စိန့်လူဝီ၌ ရဲအရာရှိတစ်ဦး ၄င်း၏ ကားအတွင်းထိုင်နေစဉ် တစ်စုံတစ်ယောက် က ၄င်း၏ဘေးသို့ ချဉ်းကပ်လာပြီး မျက်နှာကို သေနတ်ဖြင့်ပစ်ကာ ထွက် ပြေးသွားခဲ့ ကြောင်း စိန့်လူဝီ ရဲအရာရှိ ချုပ် ဆန်ဒိုစတန်က ပြောကြားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment