Monday, November 21, 2016

တရုတ်နိုင်ငံ ဆာဖာရီ ဥယျာဉ်တွင် ထရမ့်ပ်၏ ဆံခွေနှင့် ဆင်တူသည့် ရစ်ငှက်က ဆွဲဆောင်မှု အရှိဆုံး ငှက်ဖြစ်လာ

တရုတ်နိုင်ငံရှိ ဆာဖာရီဥယျာဉ် တစ်ခု၌ မွေးမြူထားသော ရစ်ငှက်တစ်ကောင်၏ ရွှေရောင် ဦးခေါင်း မွေးများသည် အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ နဖူးထက်တွင် ပြေကျနေသော ဆံခွေနှင့် ဆင်တူသည်ဟု အလည်အပတ် လာရောက်သူများက ပြောကြားပြီးနောက် ၎င်းငှက်သည် ကြည့်ရှုသူ များအတွက် ဆွဲဆောင်မှု အရှိဆုံး ငှက်တစ်ကောင် ဖြစ်လာကြောင်း သိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျို့မြို့မှ သတင်းထောက် တစ်ဦးသည် ငါးနှစ်သား အရွယ်သာ ရှိသေးသည့် အဆိုပါ ရွှေရောင်ရစ်ငှက်၏ ပုံပန်းသဏ္ဌာန်ကို ထရမ့်ပ်ပုံနှင့် နှိုင်းယှဉ်ပြသပြီးနောက် Little Red ဟု အမည်ပေး ထားသော ၎င်းငှက်၏ ဓာတ်ပုံသည် ယခု ရက်သတ္တပတ် အတွင်း ကမ္ဘာတစ်ဝန်းသို့ လျင်မြန်စွာ ပျံ့နှံ့သွား ကြောင်း People's Daily သတင်းစာက ထုတ်ပြန်ထားသည်။ ထရမ့်ပ်နှင့် ငှက်၏ ဓာတ်ပုံကို နှိုင်းယှဉ် ကြည့်ပြီးနောက် ၎င်းတို့သည် ဆံခွေပုံစံ ဆင်တူရုံသာမက မျက်ဝန်းများပါ ဆင်တူသည်ကို တွေ့ရကြောင်း ဆာဖာရီ ဥယျာဉ်မှ ငှက်မွေးမြူရေး ခေါင်းဆောင် ကျောင်ဟုန်ကျန်းက ပြောသည်။ ၎င်း ရစ်ငှက်အား ပထမဆုံး မြင်တွေ့လိုက်ချိန်တွင် အလွန်လှပသည့် ငှက်တစ်ကောင်ဟု ထင်မြင်ယူဆမိသည့် အပြင် ငှက်၏ ရွှေရောင် ဦးခေါင်းမွေး ပုံစံသည် အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ဆံခွေနှင့် တူညီသည့် အတွက် အလွန် အံ့အားသင့်ကြောင်း အသက် ၃၄ နှစ် အရွယ်ရှိ ဂျင်ဟောင်ဖန်းက ပြောသည်။ မြ၀တီ

No comments:

Post a Comment