Tuesday, November 29, 2016

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မင်္သကာဖွယ်ရာ အချိုရည်ပုလင်းများ တွေ့ရှိရာ ပေါက်ကွဲစေတတ်သော အရာများမဟုတ်ကြောင်းစစ်ဆေးသိရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကြွပ်ကြွပ်အိတ် အစိမ်းရောင်တစ်လုံး မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းအရ နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်းခဲ့သည်။ အဆိုပါနေရာအား အသေးစိတ်ရှင်းလင်းခဲ့ရာ ၎င်းကြွပ်ကြွပ်အိတ်ထဲ၌ အချိုရည် ၄ ပုလင်းအား တွေ့ရှိရပြီး ပုလင်းများအတွင်းဝယ် အ၀ါရောင်အရည်ပျစ်ပျစ်များထည့်ထားကြောင်း တွေ့ရှိရသည်။
တွေ့ရှိသည့် အချိုရည်ပုလင်းများနှင့် အထဲမှ အရည်များအား နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့များ နှင့် တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများ စနစ်တကျ ဓာတ်ခွဲစစ်ဆေးရာ ပရုပ်နံ့နံသော အရည်များသာဖြစ်ပြီး ပေါက်ကွဲစေတတ်သည့် အရည်များမဟုတ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးထံမှ သိရသည်။
PN

No comments:

Post a Comment