Saturday, November 19, 2016

အင်းဝအပ်ချုပ်ဆိုင်က နစ်နာကြေးပေးမှုကို လုပ်အားခဟု ထင်မှတ်ခဲ့ကြောင်း မိခင်ထွက်ဆို

အင်းဝအပ်ချုပ်ဆိုင်တွင် နှိပ်စက် ညှဉ်းပန်းခံရသည့် အ တွက် လူ့အခွင့်အရေးကော်မရှင် က ညှိနှိုင်းဖြေရှင်းပေး၍ ရရှိခဲ့ သော နစ်နာကြေးကို အိမ်အကူ အဖြစ် လုပ်ကိုင်ခဲ့သည့် မစန်းကေ ခိုင်၏လုပ်အားခအဖြစ် ပြန်ရခြင်းဟု ထင်မြင်ခဲ့ကြောင်း မိခင်က ခရိုင် တရားရုံးတွင် ထွက်ဆိုသည်။ ကျောက်တံတားမြို့နယ် လမ်း(၄၀)ရှိ အင်းဝအပ်ချုပ်ဆိုင် တွင် ဆယ်ကျော်သက်အရွယ် အိမ်အကူမိန်းကလေး နှစ်ဦး ကိုယ် လက်အင်္ဂါ ချို့ယွင်းသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသည့်အမှုကို လူ့အခွင့်အရေးကော်မရှင်က ညှိ နှိုင်းဖြေရှင်းပေးသောကြောင့် အိမ်အကူမိန်းကလေးနှစ်ဦး၏မိသားစု များထံ တစ်ဦးအား နစ်နာကြေးငွေ ကျပ်သိန်း ၄၀၊ ကျန်တစ်ဦးကို ကျပ် ၁၀ သိန်းပေးခြင်းဖြင့် ပြေလည်သွားသော်လည်း သတင်းထောက် တစ်ဦး၏ ထုတ်ဖော်မှုကြောင့် အမှုကို ပြန်လည်တရားစွဲဆိုစစ်ဆေးခြင်း ဖြစ်သည်။

အိမ်အကူ မိန်းကလေးနှစ်ဦးထဲမှ မစန်းကေခိုင်၏ အမေ တရားလိုပြသက်သေ မညိုညိုဝင်းကို တရားလိုဘက်မှ ဥပဒေအရာရှိက အင်းဝမိသားစုဘက်က ပေးအပ်ခဲ့သည့် ကျပ်သိန်း ၄၀ အကြောင်း မေးမြန်းစဉ် သမီးဖြစ် သူ မရရှိခဲ့သော လစာငွေဟု ထွက်ဆိုခဲ့သည်။
အင်းဝအပ်ချုပ်ဆိုင်၏သမီး ကြီး မသီရိလတ်၏အကျိုးတော် ဆောင်ရှေ့နေက သုံးနှစ်စာ လစာ ငွေမပေးဟု စွပ်စွဲနေသော်လည်း အင်းဝမိသားစုထံမှ နစ်နာကြေး ငွေကျပ်သိန်း ၄၀ ရယူခဲ့ပြီး အမှန်တကယ်ရသင့်သော သုံးနှစ်စာလုပ်အားခမှာ ငွေကျပ်လေးသိန်း ထဲသာဖြစ်သည်ကို သိပါသလား ဟု မေးမြန်းရာ သိပါသည်ဟု မစန်း ကေခိုင်၏ မိခင်က ထွက်ဆိုခဲ့ သည်။
တရားခံဘက်မှ ရှေ့နေများ က ပြန်လှန်မေးခွန်းများတွင် နစ် နာကြေးဟု သုံးစွဲမေးမြန်းသည်ကို မှန်ပါသည်ဟု ဖြေဆိုခဲ့သည်။
နောက်ဆုံး တရားသူကြီး ကိုယ်တိုင်က နစ်နာကြေးငွေလား၊ လစာငွေလားဟု သုံးခါထက်မ နည်း မေးမြန်းရာမှ ကော်မရှင်ရုံး တွင် ညှိနှိုင်းဖြေရှင်းခဲ့စဉ်က ၎င်း တောင်းဆိုခဲ့သော ငွေကျပ်သိန်း ၄၀ မှာ သမီးဖြစ်သူ၏လုပ်အားခ အနေဖြင့်သာ တောင်းဆိုခြင်းဖြစ် ပြီး သဘောတူကျေအေးသည့် စာ ချုပ်တွင်လည်း နစ်နာကြေးဟု ဖော်ပြထားသည်ကို မညိုညိုဝင်းသည် စာမဖတ်တတ်သော ကြောင့် မသိခဲ့ပါဟု ဆိုသည်။ ၎င်း၏ နာမည်တစ်မျိုးတည်းသာရေး တတ်ကြောင်း ပြောသည်။
ထို့နောက် အင်းဝအပ်ချုပ် ဆိုင်မှ ကိုရာဇာထွန်း၏ အကျိုး တော်ဆောင်ရှေ့နေက အင်းဝအ မှုကို ဖော်ထုတ်ခဲ့သည့် သတင်း ထောက်ချုပ် ကိုဆွေဝင်းသည် ကော့မှူးမြို့နယ်သို့ လာ၍ အမှု အကြောင်း မည်သို့ပြောဆိုရမည် ကို ဒေါ်ညိုညိုဝင်းတို့နှင့် ဆွေးနွေးညှိနှိုင်းပါသလားဟု မေးမြန်းသည် ကို တရားလိုပြ သက်သေက မဆွေးနွေးဘဲ ဓာတ်ပုံရိုက်ခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုသည်။
ယခုတစ်ပတ်ရုံးချိန်းတွင် စွပ် စွဲခံရသူ ကိုရာဇာထွန်း၏ရှေ့နေ က သက်သေခံ(၂)နှင့်(၃) အဖြစ် အင်းဝမိသားစုနှင့် အိမ်အကူမိန်း ကလေးတို့ လူ့အခွင့်အရေးကော် မရှင်ရုံးတွင် ညှိနှိုင်းစဉ်က နစ်နာ ကြေးငွေဖြင့် ကျေအေးပါမည်ဟု သဘောတူခဲ့သည့် စာချုပ်နှင့် ကျောက်တံတားမြို့နယ် လမ်း (၄၀)ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင် နစ်နာကြေးငွေ ပေးချေ သည့် စာချုပ်တို့ကို ရုံးတော်သို့ ပေးသွင်းရာ ခရိုင်တရားသူကြီးက လက်ခံခဲ့သည်။ နောက်တစ်ကြိမ် ရုံးချိန်းကို နိုဝင်ဘာ ၂၅ ရက်သို့ ချိန်းဆိုလိုက်သည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးအဖွဲ့မှ ဒုရဲမှူး မျိုးသိန်းက တရားလိုပြု၍ အနောက်ပိုင်းခရိုင် တရားရုံးတွင် လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၂၉/၃၂ ဖြင့် အပတ်စဉ်စစ်ဆေး နေခြင်းဖြစ်သည်။
ထို့အပြင် အင်းဝ အပ်ချုပ်ဆိုင်မိသားစုကို ကျောက်တံတားမြို့နယ် တရားရုံးတွင် နာကျင်စေမှု၊ ချုပ်နှောင်ထားမှု၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၂၅/၃၄၄/၁၁၄၊ ကလေးသူငယ်ပုဒ်မ ၆၆ (ဃ) ဖြင့် စစ်ဆေးနေသည်။
7 day

No comments:

Post a Comment