Thursday, November 24, 2016

ဆက်တိုက်မြင့်တက်ခဲ့သော ကန်ဒေါ်လာဈေး ၁၇ ကျပ်ခန့် ရုတ်တရက် ပြန်ကျ

အမေရိကန်ရွေးကောက် ပွဲနောက်ပိုင်း ပြင်ပငွေကြေးဈေး ကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်လာသော်လည်း နိုဝင်ဘာ ၂၃ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၃၅ ကျပ်သို့ ရုတ်တရက်ကျဆင်းလာကြောင်း သတင်းရရှိသည်။ အမေရိကန်ရွေးကောက်ပွဲ ကျင်းပသည့်ရက်တွင် အမေရိ ကန်ဒေါ်လာဈေးနှုန်းသည် ပြင်ပ ငွေကြေးဈေးကွက်၌ တစ်ဒေါ်လာ လျှင် ၁,၂၈၃ ကျပ်ခန့်ရှိသည်။ ရွေးကောက်ပွဲ နောက်တစ်ရက်ဖြစ် သည့် နိုဝင်ဘာ ၁၀ ရက်တွင် တစ် ဒေါ်လာ ၁,၂၉၂ ကျပ်သို့ မြင့်တက်လာပြီး ထို့မှ ဆက်တိုက်မြင့်တက် လာကာ နိုဝင်ဘာ ၂၂ ရက်တွင် အ မြင့်ဆုံးတစ်ဒေါ်လာလျှင် ၁,၃၅၄ကျပ်အထိ ရောက်ရှိခဲ့သည်။



နိုဝင်ဘာ ၂၃ ရက် နံနက် ဈေးဖွင့်ချိန်တွင် တစ်ဒေါ်လာလျှင် ၁,၃၅၂ ကျပ်ဖြင့် စတင်ပြီးနောက် ညနေတွင် ၁,၃၃၅ ကျပ်သို့ ကျ ဆင်းသည်။ တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၇ ကျပ်ဈေး နှုန်းကျဆင်းမှုသည် ကုန်သွယ်ရေးလုပ်ငန်းများအတွက် စိုးရိမ်စရာ ဖြစ်လာကြောင်း စီးပွားရေးလုပ် ငန်းရှင်များက ပြောကြားသည်။

‘‘ငွေဈေးမငြိမ်တဲ့အခါ စီးပွားရေးလုပ်ရတာ အန္တရာယ်များ တယ်။ အတက်အကျကြမ်းရင် ကုန်သည်တွေအနေနဲ့က အလုပ် မလုပ်ချင်ဘူး’’ဟု မြန်မာနိုင်ငံ ပဲ မျိုးစုံနှင့် နှမ်းကုန်သည်အသင်း အ တွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

နိုဝင်ဘာ ၂၂ ရက်တွင် ပို့ ကုန်ရငွေတန်ဖိုးသည် အမြင့်ဆုံး တစ်ဒေါ်လာလျှင် ၁,၃၆၃ ကျပ် အထိ မြင့်တက်ပြီး နိုဝင်ဘာ ၂၃ ရက်တွင် ၁,၃၄၈ ကျပ်သို့ ကျဆင်းခဲ့သည်။ ထိုသို့ ငွေကြေးရုတ် တရက် အပြောင်းအလဲသည် ကုန် သည်များနှင့် စီးပွားရေးလုပ်ငန်း ရှင်များအတွက် လုပ်ငန်းလုပ်ကိုင် ရန် အခက်အခဲဖြစ်စေသည်ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်တွင် အမေရိ ကန်ဒေါ်လာတန်ဖိုး ကျဆင်းလာ သော်လည်း ဗဟိုဘဏ်က တရား ဝင်သတ်မှတ်သည့် ရည်ညွှန်းငွေ လဲနှုန်းသည် နိုဝင်ဘာ ၂၃ ရက် တွင် တစ်ဒေါ်လာလျှင် ၁,၃၀၅ ကျပ်သို့ မြင့်တက်လာသည်။ နိုဝင် ဘာ ၂၂ ရက်တွင် တစ်ဒေါ်လာ ၁,၃၀၀ ကျပ်ခန့် သတ်မှတ်သည်။ ပြည်သိမ်း

No comments:

Post a Comment