Saturday, November 19, 2016

ပရီးမီးယယားလိဂ် ဖလားကို နောက်ဆုံးအကြိမ် ဆွတ်ခူးခဲ့တာ လွန်ခဲ့တဲ့ ၁၈ လကပါ၊ ၁၈ နှစ်က မဟုတ်ပါဘူး လို့ ပြောလိုက်တဲ့ မော်ရင်ဟို

ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း မော်ရင်ဟိုကတော့ ဒီကနေ့ည ကစားမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မတိုင်မီမှာပဲ သူ့နေနဲ့ သူရယူထားခဲ့တဲ့ အောင်မြင်မှုတွေကြောင့် လူတွေရဲ့ လေးစားမှုကို ခံရသင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မော်ရင်ဟိုဟာ နည်းပြဘ၀သက်တမ်းတစ်လျှောက် အာဆင်ဝင်းဂါးနဲ့ စုစုပေါင်း ပရီမီးယားလိဂ် ပွဲစဉ် 11 ကြိမ် တွေ့ဆုံခဲ့ဖူးပြီး အခုချိန်ထိ လုံးဝပွဲ လုံးဝမရှိသေးပါဘူး။ မနေ့ညက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ဟိုက အာဆင်ဝင်းဂါးနဲ့ တွေ့ဆုံတိုင်း အသားစီးရယူနိုင်ခဲ့တဲ့အပေါ် " ကျနော်ကတော့ ခင်ဗျားတို့ပြောနေကြသလို မယူဆပါဘူး၊ ကျနော် အာဆင်နယ်ကို ပထမဆုံး ရင်ဆိုင်ကစားခဲ့တုန်းကဆိုရင် သူတို့အသင်းမှာက လေမန်း၊ လောရင့်၊ ကမ်းဘဲ၊ အက်ရှ်လေးကိုး၊ ပီရက်နဲ့ ဘားကမ့် တို့ကစားနေခဲ့တာလေ။ အခု သူတို့အားလုံးက အနားယူသွားပြီဖြစ်သလို လက်ရှိ အသင်းကလဲ စုဖွဲ့မှုအသစ်ပုံစံမျိုးနဲပါ။
ထိုနည်းတူစွာပါပဲ အဲဒီတုန်းက ကစားခဲ့တဲ့ ကျနော့်ကစားသမားတွေကလဲ အခုဘယ်ရောက်နေပြီလဲ ကြည့်လိုက်ဦးလေ။ တစ်ချို့က အမေရိကားမှာ၊ တစ်ချို့က အနားတော့ မှာ ဖြစ်သလို၊ တချို့ဆို ကစားသမားဘ၀ကနေ အပြီးအပိုင် အနားယူသွားခဲ့ကြပါပြီးပြီ။ အဲဒီရလာဒ်တွေအားလုံးက အတိတ်က အကြောင်းအရာတွေမို့ လက်ရှိအနေအထားနဲ့ ဆက်စပ်မှုကို မရှိတော့ပါဘူး။ ကျနော့် အတွက်အတော့ ဒီပွဲက ပွဲကောင်းတစ်ပွဲဆိုတာ သေချာပါတယ်။
အခုတော့ နည်းပြကြီး ဖာဂူဆန် ပရီးမီးယားလိဂ်မှာ မရှိတော့တာမို့ ဒီပွဲက ပရီမီးယားလိဂ်ဆုကို အများဆုံးရရယူထားတဲ့ နည်းပြနှစ်ဦး ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲဖြစ်လာမှာပါ။ အဲဒါကြောင့် ကျနော်တို့ရဲ့ ရလာဒ်တွေ မကောင်းပဲ ဖြစ်နေတဲ့အခိုက်အတန့်မျိုးတွေမှာတောင် လူတွေရဲ့ လေးစားမှုကိုခံရဖို့ မထိုက်တန်ဘူးလားဗျာ။ ကျနော့်အထင်တော့ မစ္စတာဝင်းဂါးကို ခင်ဗျားတို့အားလုံးက လေးစားမှုရှိပြီးသားပါ။ ကျနော့်အပေါ်တော့ အဲလိုရှိတယ်လို့ မထင်ပါဘူး။ ဒါတောင် ကျနော်က ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးရယူခဲ့တာက လွန်ခဲ့တဲ့ 18 လ လောက်ကနော်၊ 18 နှစ်တောင် မဟုတ်ဘူး။ လွန်ခဲ့တဲ့ 18 လောက်လကမှ ဖလားရယူထားတဲ့ နည်းပြတစ်ဦးအပေါ် လေးစားမှုမထားကြတာက ကျနော့်ရဲ့ ရလာဒ်တွေ မကောင်းလို့တော့ မဖြစ်နိုင်ပါဘူး။ ကျနော်ကတော့ ကိုယ့်လမ်းအတိုင်း ဆက်လျှောက်သွားမှာ ဖြစ်သလို၊ 9 ကြိမ်မြောက် ချန်ပီယံဆုကို ရချင် တယ်၊ 4 ကြိမ်မြောက် ပရီမီးလိဂ် ချန်ပီယံဆုကို ရယူသွားချင်ပါတယ်" လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Ref: Mirror Football

No comments:

Post a Comment