Friday, November 18, 2016

ပွဲခင်းထဲတွင် ဖခင်နှင့်ကွဲ၍ ပျောက်သွားသော ၁၀နှစ်အရွယ်လေး တန်းကျောင်းသူတစ်ဦး ပြောင်းခင်းအတွင်း သေဆုံးလျက်တွေ့ရှိ

စစ်ကိုင်း တိုင်းဒေသကြီး မြောင်မြို့နယ် အုတ် နှဲဘုတ်ရွာအုပ်စု မြစံရွာရှိ အသက် (၁၀)နှစ်အရွယ် လေးတန်းကျောင်း သူတစ်ဦးသည် နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ဖခင်နှင့်ပွဲအတူ သွားကြည့် ပြီးအပြန် လူကွဲ၍ ပျောက်သွားခဲ့ ရာ နိုဝင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီတွင်အ၀တ်ဗလာဖြင့် သေဆုံး နေသော ရုပ်အလောင်း ကိုတွေ့ခဲ့ရ ကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးထံမှ သိရ သည်။ တန်ဆောင်မုန်းလပြည့်ည(နို ၀င်ဘာ ၁၄ ရက်)က ဖခင်ဖြစ်သူ နှင့်အတူအုတ်နှဲဘုတ်ရွာဆုတောင်း ပြည့်ဘုရားပွဲ သွားရောက်ကြည့်ပြီးညဥ့်သန်းခေါင် ၁၂ နာရီတွင် အိမ် ပြန်စဉ် သမီးဖြစ်သူကို ပွဲခင်းကွမ်း ယာဆိုင်အနီးတွင်ထားခဲ့၍ ဆိုင်ကယ် အပ်ရာနေရာသို့ ဆိုင်ကယ်သွားထုတ် ခဲ့ကြောင်း၊ ပြန်အလာတွင် သမီးဖြစ် သူအား မတွေ့၍ ပွဲခင်းအတွင်း လိုက်လံရှာဖွေသော်လည်း မတွေ့ခဲ့ ရကြောင်း၊ နိုဝင်ဘာ ၁၅ ရက်တွင် သမီးဖြစ်သူမှာ ပွဲခင်းအရှေ့တောင် ဘက် သုံးဖာလုံအကွာ ဦးဖိုးဒေါင်း ၏ ပြောင်းခင်းအတွင်း အ၀တ်ဗလာ ဖြင့်ေ သဆုံးလျက်တွေ့ခဲ့ရကြောင်း၊ လည်ပင်းတွင်လည်း ဖုန်းထည့်လွယ် အိတ်သိုးမွေးကြိုးဖြင့် ညှစ်သတ်ထား ပြီး မိန်းမကိုယ်တွင် ဖူးရောင်သွေး ထွက်ဒဏ်ရာများတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ အဆိုပါ ရုပ်အလောင်းကို ဆေးရုံသို့ပို့ဆောင်ပြီး မြောင်မြို့မ ရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၂/၂၀၁၆) လူသတ်မှု၊ မုဒိမ်းမှု၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၀၂ဖြင့် အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူအား စုံစမ်းရှာဖွေနေကြောင်း သတင်း ရရှိသည်။ KTS

No comments:

Post a Comment