Saturday, November 19, 2016

မိုးစပါး စိုက်ပျိုး ထုတ်လုပ်မှု စစ်တမ်း ကောက်ယူခြင်းနှင့် ကွင်း သရုပ်ပြသ

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ဟဲဟိုး ကျေးရွာအုပ်စု ကွင်းအမှတ်-၂(က) ဦးပိုင် အမှတ်(၁၂၆/ ၁၉၆)၌ ယမန်နေ့ နံနက် ၉ နာရီက ကလောမြို့နယ်၏ ၂ဝ၁၆-၂ဝ၁၇ မိုးစပါး စိုက်ပျိုးထုတ်လုပ်မှု စစ်တမ်း ကောက်ယူခြင်းနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနား ကျင်းပသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးက ကွင်းသရုပ်ပြပွဲ ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးမှူးက စံကွက် ရိတ်သိမ်းခြင်း နည်းစနစ်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကလောမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးမှူးက စံကွက် ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းရာတွင် အလေအလွင့် မရှိစေရေး လုပ်ငန်းစဉ်များကို အသိပညာ ပေးခဲ့သည်။ ဆက်လက်၍ ကွင်းအမှတ်-၂(က) ဦးပိုင်အမှတ် (၁၂၆/၁၉၆)၌ တောင်သူ ဦးသန်းကျော် စိုက်ပျိုးထားသော ရွှေရင်အေး စပါး စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာ ရှမ်းပြည်နယ် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှု အားပေးပြီး တစ်ဧကလျှင် စပါး အစိုထွက်နှုန်း ၁၅၆ တင်း၊ အခြောက် ၁၃၅ တင်း ထွက်ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment