Wednesday, November 23, 2016

အများပြည်သူအပန်းဖြေအနားယူနိုင်ရန် နိုဝင်ဘာ ၂၅ ရက်တွင် ကျုံထော်ရေတံခွန် ပြန်လည်ဖွင့်လှစ်သွားမည်

ကရင်ပြည် နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူအ ထူးဒေသရှိ ကျုံထော်ရေတံခွန်အား အများပြည်သူအပန်းဖြေအနားယူ နိုင်ရန် နိုဝင်ဘာ ၂၅ ရက်မှစတင် ၍ ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ကျုံထော်ရေတံခွန်ပြု ပြင်မွမ်းမံရေးအဖွဲ့ထံမှ သိရသည်။ ""ကျုံထော်ရေတံခွန်ကို မြိုင်ကြီး ငူဆရာတော်ကြီးရဲ့ အစီအစဉ်နဲ့ပြု ပြင် မွမ်းမံမှုတွေ ဆောင်ရွက်ထားပါ တယ်။ ရေတံခွန်ကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြီး ပြုပြင်ထားတယ်။ ရေကစားဖို့နေရာ တွေအများကြီး လုပ်ထားပေးတယ်။ ဆိုင်ခန်းနေရာတွေကိုလည်း ပြောင်း ရွှေ့တည်ဆောက်ထားတယ်။ အများ သုံးအိမ်သာတွေလည်း ဆောက်ထား တယ်။ နေရာတိုင်းမှာ အမှိုက်ပုံးတွေ လည်း ထားထားပေးတယ်။ ဒီလာ မယ့် သောကြာနေ့ဆို ကျုံထော်ရေ တံခွန်ကို စပြီး သွားလို့ရပြီ""ဟု ကျုံ ထော်ရေတံခွန်ပြုပြင်မွမ်းမံရေးအဖွဲ့ မှ တာဝန်ရှိသူ ကိုစောမူးက နိုဝင် ဘာ ၂၁ ရက်တွင် ပြောကြားသည်။


မဲသဝေါဒေသတွင်ဖြစ်ပွားခဲ့ သောတိုက်ပွဲများကြောင့် ကျုံထော် ရေတံခွန်အား စက်တင်ဘာလအတွင်း မှစတင်ကာ သွားရောက်လည်ပတ် ခွင့်ကို ခေတ္တပိတ်ထားပြီး တိုက်ပွဲ များပြီးဆုံး၍ နယ်မြေအခြေအနေ
ပြန်လည်အေးချမ်းလာသည့်အတွက် ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ကျုံထော်ရေတံခွန်သည် ရေ ကျဆင်းမှုများပြားခြင်း၊ ရေတံခွန် ကျဆင်းနေပုံအနေအထားလှပခြင်း ရေတံခွန်သွားရာလမ်း
တစ်လျှောက် ရေတံခွန်ငယ်၊ ချောင်းငယ်များဖြင့် သာယာလှပခြင်း၊
ရေကစားရန် နေ ရာကျယ်ဝန်းခြင်းတို့ကြောင့် အနယ် နယ်အရပ်ရပ်မှ လာရောက်လည် ပတ်သူများဖြင့် ယခုနှစ်ပိုင်းအတွင်း စည်ကားလာလျက်
ရှိသော ရေတံခွန် တစ်ခုဖြစ်သည်။
""မိုင်းအန္တရာယ်ကတော့ ရေတံ ခွန်ပတ်ဝန်းကျင်မှာ မရှိတော့ပါဘူး။ စိတ်ချလက်ချ သွားလာလို့ရပါတယ်။ လမ်းခုလတ်တွေမှာတော့ မိုင်းကွင်း တွေရှိတယ်။ ကန့်သတ်နယ်မြေဆို ပြီး သတိပေးဆိုင်း
ဘုတ်လေးထောင် ထားတယ်။ ဒါပေမဲ့ ကတ္တရာလမ်း အတိုင်းသွားရင်တော့ အန္တရာယ်မရှိ နိုင်ပါဘူး။ လမ်းဘေးဝဲညာကို မဆင်း မိဖို့ပဲ အရေးကြီးပါတယ်""ဟု မြိုင်ကြီး ငူဒေသခံ ကိုစောလှမင်းက ပြော သည်။
ကျုံထော်ရေတံခွန်သို့ လာ ရောက်လည်ပတ်ကြသည့် ခရီးသွား ဧည့်သည်များအနေဖြင့် မိမိတို့၏ ဆိုင်ကယ်များကို တစ်စီး ကျပ် ၅၀၀ နှုန်းဖြင့်လည်းကောင်း၊ ကားသေးများ ကို တစ်စီး ကျပ် ၁၀၀၀ နှင့် ကားကြီး များကို တစ်စီး ကျပ် ၂၀၀၀ နှုန်းဖြင့် လည်းကောင်း အပ်နှံကြရမည်ဖြစ်ပြီး ရရှိလာသော ယာဉ်အပ်နှံခများအား လုံးကို မြိုင်ကြီးငူဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများတွင် အသုံး ပြုသွားမည်ဖြစ်ကြောင်း ကျုံထော် ရေတံခွန်ပြုပြင်မွမ်းမံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ZMT

No comments:

Post a Comment