Thursday, November 24, 2016

၂၀၁၆ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု အတွက် နောက်ဆုံး ဆန်ခါတင် (၅) ဦးစာရင်း ထွက်ပေါ်လာ

၂၀၁၆ အာဖရိက တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု အတွက် နောက်ဆုံး ဆန်ခါတင်စာရင်းကို ပြီးခဲ့သည့် အင်္ဂါနေ့က အာဖရိက ဘောလုံးအဖွဲ့ချုပ် (CAF) က ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။ ယခုစာရင်းတွင် ပြီးခဲ့သည့်နှစ် အကောင်းဆုံးဆုရှင် ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်း၊ လက်စတာ တောင်ပံကစားသမား မာရက်ဇ် နှင့်တိုက်စစ်မှူး ဆူလေမန်နီ၊ လီဗာပူးလ်ကွင်းလယ်လူ မာနေ၊ ရိုးမားအသင်း တောင်ပံကစားသမား ဆာလာတို့ ပါဝင်ခဲ့ကြသည်။ အူဘာမီယန်းအနေဖြင့် ယခုနှစ် အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ရန် ရေပန်းစားနေသူများစာရင်းတွင် ပါဝင်နေသော်လည်း ၎င်းအနေဖြင့် လက်စတာအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံ ဆွတ်ခူးခဲ့သည့် မာရက်ဇ်နှင့် အဓိက ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း သိရသည်။ အာဖရိက တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို အာဖရိကနိုင်ငံပေါင်း (၅၄) နိုင်ငံမှ လက်ရွေးစင်အသင်းနည်းပြများ၊ ဘောလုံး ကျွမ်းကျင်သူ (၁၀) ဦး ပါဝင်သော အဖွဲ့တို့က မဲပေး ရွေးချယ်မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုင်ဂျီးရီးယားနိုင်ငံ၊ အဘူဂျာမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment