Monday, November 21, 2016

ပွင့်လင်းရာသီရောက်လာသော်လည်း ရန်ကုန်အိမ်ဆောက်ပစ္စည်း အရောင်းအ၀ယ်အေး၊ ဈေးနှုန်းများ အကျဘက်သို့ရောက်ရှိနေ

ပွင့်လင်း ရာသီသို့ရောက်လာသော်လည်း ရန်ကုန် အိမ်ဆောက်ပစ္စည်းဈေးကွက် အတွင်းဆောက်လုပ်ရေးပစ္စည်း များ အရောင်း အ၀ယ်အေးစက် နေပြီး ဈေးနှုန်းများအကျဘက်သို့ ရောက်ရှိနေကြောင်း ရန်ကုန်မြို့ အခြေစိုက် အုတ်၊သဲ၊ ကျောက်၊ ဘိ လပ်မြေအရောင်းဆိုင်များထံမှ သိ ရသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ယခင်ဆောက်လုပ် ထားသည့် တိုက်ခန်းများရောင်းမ ထွက်ခြင်းကြောင့် ထပ်မံ၍မဆောက် နိုင်ခြင်း၊ ကန်ထရိုက်တာများအနေ ဖြင့် ကန်ထရိုက်တိုက်ခန်းများကို အရှုံးခံကာ မူလပိုင်ရှင်ထံ ပြန်လည် အပ်နှံခြင်းများကြောင့် ဆောက် လုပ် ရေးပစ္စည်းဈေး ကွက်တွင် အရောင်း အ၀ယ်အေးစက်နေပြီး ယင်းကဲ့သို့ အရောင်းအ၀ယ်အေး စက်နေခြင်း ကြောင့် ဈေးနှုန်းများ ကျဆင်းနေရ ခြင်းဖြစ်ကြောင်း သိရသည်။

မိဘမေတ္တာအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးမှ ဒေါ်သီတာက " အရင်တုန်း က ဒီအချိန်ပွင့်လင်းရာ သီဆို ဈေးတွေက အကုန် လုံးတက် နေပြီ။ အရောင်းအ၀ယ်တွေလည်း တော်တော်လည်းကောင်းနေပြီ။ အ ခုဟာက ထင်ထားသလောက် မ တိုးတက် လာသေးဘူး။ အရောင်း အ၀ယ်ကတော့ ပုံမှန်ပါပဲ။ ကိုယ့် ဖောက်သည်နဲ့ကိုယ်ဆိုတော့ ဆိုင် တိုင်းလိုလို ဒီအတိုင်း ပဲသွားနေပါ တယ်။ အပြင်ကလူတွေကလည်း လာဝယ်တာရှားပြီး ယခုကတော့ ကိုယ့်ဖောက်သည်နဲ့ကိုယ်ပဲလည် ပတ်နေပါတယ်။ ဈေးနှုန်း တက်လာဖို့ ဆိုရင် အရောင်းအ၀ယ်ပေါ်မှာ မူ တည်ပါတယ်။ အခုက ဆောက် လုပ် ရေးတွေသိပ်မလုပ်သလို အရောင်း အ၀ယ်တွေမဖြစ် ဘူးဆိုတော့ဆောက် လုပ်ရေးပစ္စည်းဈေးနှုန်းတွေက တ ဖြည်းဖြည်းနဲ့ ကျဆင်းလာတာပေါ့။ အခုကျနေတာက နောက် ဆုံးအ ဆင့်ပါပဲ။ ဒီထက်ကျဖို့အခြေအနေ မရှိတော့ပါဘူး။ ဒါအနိမ့်ဆုံးဈေး တွေပါပဲ "
ဟု နိုဝင်ဘာ၂၀ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။
နိုဝင်ဘာပထမအပတ်နှင့်နှိုင်း ယှဉ်ပါက Alpha တံဆိပ်ဘိလပ်မြေ တစ်အိတ်လျှင် ယခင်ကကျပ် ၄၈၀၀ ၀န်းကျင်မှ ကျပ် ၄၆၀၀၊ ဆင် တံဆိပ်ဘိလပ်မြေတစ်အိတ်လျှင် ယခင်ကကျပ် ၆၀၀၀မှကျပ် ၅၈၀၀၊ ကျောက်စရစ်တစ်ကျင်းလျှင် ကျပ် ၄၀၀၀၀ မှကျပ် ၃၇၀၀၀၊ သဲတစ် ကျင်းလျှင်ကျပ် ၉၀၀၀ မှ ကျပ် ၈၀၀၀ အထိ ဈေးနှုန်းများကျဆင်း လာခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများကျဆင်းလာခဲ့သော် လည်း အုတ်ဈေးနှုန်းများပြောင်းလဲ မှုမရှိဘဲ အမျိုးအစားအလိုက် တစ် လုံးလျှင် အနိမ့်ဆုံးကျပ် ၉၀ မှအ မြင့်ဆုံး ၁၀၅ ကျပ်ဖြင့် ယခင်အ ပတ် အတိုင်းအရောင်း အ၀ယ်ဖြစ် လျက်ရှိကြောင်း ဆောက် လုပ်ရေး ပစ္စည်းအရောင်းဆိုင်များမှ သိရ သည်။
ဒေါ်ငွေဝင်းနှင့်သားများအိမ် ဆောက်ပစ္စည်းဆိုင်မှ ကိုစိုးသန်းက " အိမ်ဆောက် ပစ္စည်းအရောင်းအ ၀ယ်ကတော့ ပြီးခဲ့တဲ့လ ကထက် တော်တော် လည်း ထိုင်းနေတယ်။ပစ္စည်းအ၀င်က များတယ် ဆိုတော့ ဈေးကမ တက်တဲ့ အပြင် ငြိမ်နေတယ်။ ငြိမ်နေပြီးမှ ယခုနည်းနည်း ပြန်ကျ နေတယ်။ ဒါပေမဲ့ အခုချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း လွတ်လွတ်လပ်လပ်ပြန်လုပ် လို့ရ ပြီဆိုတော့အိမ်ဆောက် ပစ္စည်းဈေး ကွက်အနေအထားကပြန်ကောင်း ဖို့ အလားအလာရှိနေပါတယ်။ ၀ယ် လိုအားတွေတက် လာ မယ်ဆိုရင် တော့ ဈေးကွက်သဘောအရတော့ ပစ္စည်းတွေဈေးတက်လာဖို့ရှိပါ တယ် " ဟု ဆိုသည်။
အိမ်ဆောက်ပစ္စည်းဈေးကွက် အတွင်းသို့အုတ်ကို ဆားပုလင်း၊ တိုက်ကြီး ၊ လှော် ကား၊ နေပြည် တော်စသည့်ဒေသများ၊ ကျောက် စရစ်ကို မြန်မာနိုင်ငံ အထက်ပိုင်း အညာဒေသများ၊ သဲကို မှော်ဘီ၊ သုံးခွ၊ ပင်လယ်ဝဒေသများမှ ထုတ် ယူကာ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
WYHW,AK


No comments:

Post a Comment