Saturday, November 19, 2016

ပြန်ကြားရေးက စီစဉ်သည့် စာတမ်းဖတ်ပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြဿနာရှိနိုင်သည်ဆိုပြီး စာတမ်းအချို့ ဆိုင်းငံ့ခံရ

ပြန်ကြားရေးဝန်ကြီး ဌာနက ပြုလုပ်မည့် ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲသို့ တင်သွင်းသော စာတမ်းများအနက် အချို့ကို လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိသည်ဟု ယူဆကာ ဆိုင်းငံ့ခဲ့ကြောင်း သတင်းရရှိသည်။ေ ဒါက်တာရန်မျိုးသိမ်း၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းစာတမ်းနှင့် စာရေးဆရာနောင်ကျော်၏ ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ စာတမ်းတို့သည် လက်ရှိဆောင်ရွက် နေသော ငြိမ်းချမ်းရေးလုပ်ငန်း များ၌ ပြဿနာရှိသည်ဟု ယူဆ၍ ဆိုင်းငံ့ခံခဲ့ရကြောင်း အထက်ပါစာတမ်းရှင်များကပြောသည်။ ထို့အပြင် ဦးသိန်းသန်းဦး၏ ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် နောက်ပိုင်း သမိုင်းခေတ်ပြိုင်မော် ကွန်းများ စာတမ်းကိုလည်း အ ထက်ပါ ကော်မတီက ရွေးချယ် ခြင်းမပြုခဲ့ကြောင်း ကာယကံရှင် ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

အရပ်သားအစိုးရစစ်စစ် လက်ထက်တွင် ပြန်ကြားရေးဝန် ကြီးဌာနက ဦးဆောင်၍ ဒီမိုကရေ စီအခွင့်အရေးများကို အကောင် အထည်ဖော် လုပ်ဆောင်ပေးရ မည့်အစား စာတမ်းများအား ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ခြင်းသည် မေးခွန်းထုတ်စရာဖြစ်နေပြီး ဒီမိုကရေစီအစိုးရလက်ထက်တွင် ယင်းကဲ့သို့ မဖြစ်သင့်ကြောင်း ဒေါက်တာရန်မျိုးသိမ်း နှင့် ဆရာနောင်ကျော်တို့က ဝေဖန်ပြောကြားသည်။ ‘‘ကျွန်တော်ရေးတာ ငြိမ်းချမ်းရေးသမိုင်းရေးတယ်ဗျာ။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြဿနာရှိတယ်လို့ဆို တော့ အကြောင်းပြချက်ကိုက ပြဿနာအကြီးကြီးဗျ။ ငြိမ်းချမ်းရေးအကြောင်းကို မဝေဖန်ရတော့ဘူးလားလို့ ဖြစ်လာတယ်’’ဟု ဆရာနောင်ကျော်ကဆိုသည်။
ဒေါက်တာရန်မျိုးသိမ်းက ‘‘ပြည်သူကရွေးတဲ့ ဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ ဒီလိုပုံစံမျိုးဖြစ်တာတွေ တွေ့ရတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်’’ဟု မှတ်ချက်ပြုသည်။
စာတမ်းဆိုင်းငံ့ခံခဲ့ရသည့် ဒေါက်တာရန်မျိုးသိမ်းက ၎င်း၏ ၁၆ မျက်နှာရှိ စာတမ်းကို နိုဝင် ဘာ ၁၇ ရက်က ၎င်း၏ လူမှုကွန် ရက်စာမျက်နှာတွင် ဖော်ပြခဲ့ သည်။
ထို့ပြင် စာတမ်းရှင် ဆရာနောင်ကျော်ကလည်း စီနီယာ စာရေးဆရာတစ်ဦးက စာတမ်း ရေးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး စာတမ်းကို ဆင်ဆာလုပ်ပါက မရေးနိုင်ကြောင်း ပြောကြား မှုကို သဘောတူသဖြင့် စာတမ်း ရေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်က ၎င်း၏ လူ မှုကွန်ရက်စာမျက်နှာ၌ စာပေ ဗိမာန်ရုံးမှ ပြန်ကြားစာနှင့်အတူ ရေးသားထားသည်။
ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာ ပေစာတမ်းဖတ်ပွဲဖြစ်မြောက်ရေး ကော်မတီသည် စာတမ်းဖတ်ပွဲအ တွက် တင်သွင်းသော စာတမ်း ၂၅ ခုအနက် ၁၅ ခုကို ရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်း ကော်မတီဝင် ဦးဇော်မင်းကျော်က ပြောကြား သည်။
‘‘စာတမ်းအင်္ဂါရပ်နဲ့ မညီ ညွတ်တာရယ်၊ ခေါင်းစဉ်နဲ့မကိုက် ညီ၊ မဆီလျော်လို့ ဖတ်ကြားခွင့်မ ပြုတာဖြစ်ပါတယ်။ ကော်မတီဆုံး
ဖြတ်ချက်နဲ့ ၂၅ ခုထဲမှ ၁၅ ခုကို ရွေးချယ်ခဲ့တာပါ’’ဟု ဦးဇော်မင်း ကျော်ကရှင်းပြသည်။
ပြန်ကြားရေးဝန်ကြီးဌာန သည် မြန်မာစာပေဖွံ့ဖြိုးတိုးတက် ရေးအတွက် စာတမ်းဖတ်ပွဲနှင့် စာအုပ်အရောင်းပွဲတော်များကို မကြာခဏပြုလုပ်ရန် ရည်မှန်း ထားပြီး ဇူလိုင်အတွင်းက နိုင်ငံ ရေး စာပေစာတမ်းဖတ်ပွဲနှင့် မိုး ရာသီ စာအုပ်ဈေးရောင်းပွဲတော်၊ နိုဝင်ဘာလဆန်းတွင် ကလေးစာ ပေပွဲတော်တို့ကို ပြုလုပ်ခဲ့သည်။ ဇူလိုင်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံ ရေးစာပေစာတမ်းဖတ်ပွဲ၌ စာ တမ်း ၁၈ စောင် ဖတ်ကြားတင် သွင်းခွင့်ပြုခဲ့ကြောင်း သတင်း ထုတ်ပြန်ထားသည်။
ခေတ်ပြိုင်သမိုင်းဆိုင်ရာစာ ပေစာတမ်းဖတ်ပွဲနှင့် ဆောင်းရာ သီ စာအုပ်ဈေးရောင်းပွဲကို ရန် ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာနတွင် ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။
7day

No comments:

Post a Comment