Monday, November 28, 2016

သတ္တုဏ္ဍဖွံ့ဖြိုးတိုးတတ်ရေးသည် နိုင်ငံတော်အတွက် အလွန်အရေးကြီး ကြောင်းပြည်ထောင်စု ၀န်ကြီးပြော

စီးပွားရေး ဖွံ့ဖြိုးတိုးတတ်စေရန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံရေးသည် နိုင်ငံ၏ အဓိက သွင်းအားစုများဖြစ်သည့်အတွက် သတ္တုဏ္ဍဖွံ့ဖြိုးတိုးတတ်ရေး သည် နိုင်ငံတော်အတွက် အလွန်အရေးကြီးကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောဆိုလိုက်သည်။ “ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုများသည် ပြည်သူများနှင့် နိုင်ငံတော်မှ လိုအပ်နေသည့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးသောကြောင့် ဦးစားပေးစီးပွားရေးဏ္ဍများအနက် အစိုးရနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုး တတ်ရေးအတွက် သတ္တုဏ္ဍဖွံ့ဖြိုးတိုးတတ်ရေးသည်လည်း အရေးကြီးသည့် အခန်းဏ္ဍတစ်ခုဖြစ်သည်" ဟု ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းကပြောဆိုခဲ့သည်။

အောက်တိုဘာ ၁၈ မှ ၂၀ ထိ ရန်ကုန်မြို့ ရှိ Melia Yangon Hotel တွင် သံယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဦးစီး ကျင်းပသည့် 3rd Myanmar Mining Summit တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲသို့ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ပြည်ထောင်စု ၀န်ကြီးနှင့် ဌာနဆိုင် ရာအကြီး အကဲများ၊ လုပ်ငန်းရှင်များ၊ ရင်းနှီးမြုပ်နှံသူများနှင့် အခြားပညာရှင် စုစုပေါင်း (၁၀၀) ဦးခန့် တတ်ရောက် ခဲ့သည်။
3rd Myanmar Mining Summit ကို တတိယအကြိမ်မြောက်ကျင်းခဲ့ခြင်းဖြစ်ပြီး ပညာရှင်များမှ စာတမ်း ၁၁ စောင်ကိုလည်းဖတ်ကြားခဲ့ကြောင်းသိရသည်။
Mizzima - News in Burmese

No comments:

Post a Comment