Monday, November 21, 2016

နယ်ခြားစောင့်တပ်နှင့် ကမ်းခြေစောင့်တပ်ကို တပ်လှန့်ထားဟု ဘင်္ဂလာ ပြည်ထဲရေးဝန်ကြီးပြောကြား

မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများ ၀င်ရောက်မလာရန် စေရန်အတွက် နယ်စပ်တစ်လျှောက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ကမ်းခြေစောင့်တပ်ဖွဲ့ကို တပ်လှန့်ထားကြောင်း ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေး ၀န်ကြီး Asaduzzaman Khan က ယနေ့ ပြောကြားသည်။ “ မြန်မာနယ်စပ်တစ်လျှောက် အခြေအနေများကြောင့် စိုးရိမ်မှု ဖြစ်ပေါ်ခံစားနေကြောင်း ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီးမှ မှောင်ခိုတိုက်ဖျက်ရေး အမျိုးသားကော်မတီ အစည်းအဝေး အပြီးတွင် သတင်းထောက်များသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ၎င်းအစည်းအဝေးကို ဘင်္ဂလာဒေ့ရှ် နိုင်ငံ နယ်စပ်တစ်လျှောက်တွင် မှောင်ခိုလုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုမှုကို မြင့်တင်ရန် အတွက် ပြုလုပ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။ ယမန်နေ့က နတ်မြစ်ကို ဖြတ်ကျော်ပြီး ငါးဖမ်းဘုတ် ၇ စီးဖြင့် မြန်မာနိုင်ငံ မောင်တောဘက်က ၀င်ရောက်လာသူ ၁၂၅ ဦးအား ပြန်လည် နှင်ထုတ်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က နှင်ထုတ်ခဲ့ကြောင်း၊ ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များလည်း ပါဝင်သည်ဟု ဆိုသည်။ Ref: BGB, coast guards on alert: Minister

No comments:

Post a Comment