Sunday, November 20, 2016

ကိုးမိုင်အိုးရှင်းတွင် ပေါက်ကွဲမှုပြုလုပ်သူကို ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့စုံစမ်းနေ


မရန်းကုန်းမြို့နယ် ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ ကိုးမိုင် Ocean Center တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုပြုလုပ်ခဲ့သူကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ အရ အမှုဖွင့်စုံစမ်းနေကြောင်း သတင်းရရှိသည်။နို ဝင်ဘာ ၁၇ ရက် ည ၇ နာရီကျော်တွင် မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက်၊ ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ Ocean Center မြေညီထပ်ရှိ အများသုံး အမျိုး သားသန့်စင်ခန်းအတွင်းနှင့် ကားပါကင်တို့တွင် အသံမြည်ပေါက်ကွဲမှုသည် ၁၀ မိနစ်အတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။ ‘‘အိမ်သာထဲမှာ သန့်ရှင်းရေး လုပ်နေတုန်း ပေါက်ကွဲမှုတစ်ခါ ဖြစ်တယ်။ ဒုတိယတစ်ကြိမ်မှာ တော့ မီးတောက်တွေပါ ထွက် လာလို့ လုံခြုံရေးက မီးသတ်ဆေး ဘူးနဲ့ ငြှိမ်းလိုက်တယ်။ ကားပါ ကင်မှာတော့ ဘီးနဲ့ပုလင်းကို ကြိတ်မိပြီး အသံမြည်ပေါက်တာ ပါ’’ဟု ၎င်းကပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာတွင် M-150 အချိုရည် ပုလင်းကွဲအစများတွေ့ရှိပြီး အချိုရည်ပုလင်းအတွင်း ဓာတုဗေဒ ဆေးရည်တစ်မျိုးမျိုး ထည့်ပြီး အခြားဓာတုပစ္စည်းပါရှိသော ဖန်ပြွန်တစ်ခုကို ပုလင်းအတွင်း ထပ်မံထည့်ထားခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။
‘‘အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနှင့် အမှတ် (၂) မှုခင်းရဲတပ်ဖွဲ့က ပေါက်ကွဲ ပစ္စည်းစစ်ဆေးရေးဌာနစုက သူ တွေ လာစစ်ပေးတယ်။ ပေါက်ကွဲ မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ တော့ မရှိပါဘူး။ ဒီလိုမျိုးလာလုပ် တဲ့သူကိုလည်း လိုက်ပြီးရှာနေပါ တယ်’’ဟု ရဲအရာရှိကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဈေးဝယ်စင်တာအတွင်း လာရောက်ဈေးဝယ်သူအချို့ ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့များ အဆိုပါ ဈေးဝယ်စင်တာသို့ ရောက်ရှိပြီး နေရာအချို့ကို ရှာဖွေစစ် ဆေးခဲ့ကြောင်း သိရသည်။
7 Days

No comments:

Post a Comment