Thursday, November 24, 2016

မူဆယ်မြို့တွင်းသို့ စစ်ဘေးရှောင်ရောက် ရှိလာသော ဒေသခံပြည်သူများ၏ ရင်တွင်းခံစားချက်များ

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်မတော်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းများကိုKIA (ကချင်အဖွဲ့)၊ TNLA တအာင်း(ပလောင်)အဖွဲ့နှင့်MNDAA ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက အလစ်အငိုက်ရယူပြီး တစ်ချိန်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့
သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူများသည် စိုးရိမ်ကြောက်ရွံ့စွာဖြင့် စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ခိုလှုံနေကြရာ ၎င်းင်းတို့၏ရင်တွင်းခံစားချက်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

+++++++++++++++++++++++++++++++++
အခုအချိန်မှာ ၁၀၅ မိုင်ပြန်လို့ရပြီဆိုရင်တောင် ကျွန်မတို့စိတ်ထဲမှာ လုံခြုံမှုမရှိသေးဘူးလို့ ခံစားနေရတယ်။ဘဘုန်းကြီးက ပြန်တော့ဆိုမှ နောက်ဆုံးပြန် ကြမှာပါ။ ကျွန်မတို့ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့စိတ်က မပြေသေးပါဘူး
+++++++++++++++++++++++++++++++++
ပြည့်စုံ(မဟာမင်း) - တွေ့ဆုံမေးမြန်းသည်။
+++++++++++++++++++++++
- မသန်းသန်းစိန်၊ ၁၀၅ မိုင် မိုင်းယုကျေးရွာ
++++++++++++++++++++++
ကိုစိုးနောင်ထွန်း
+++++++++++++++++++
၁၀၅ မိုင် မိုင်းယုကျေးရွာ
+++++++++++++++++++
တောင်ပေါ်မှာ ပစ်နေတာမြင်နေရတယ်။ ခြေထောက်ကလည်း မကောင်း၊ ကျွန်တော်ပြေး ရှောင်ရတာ အဆင်မပြေဘူး။ ကျွန်တော်က အလုပ်သမားရုံးကပါ။ အလုပ်သမားရုံးက မဖွင့်သေးတော့ ကျွန်တော်တို့ ဒီမှာပဲ ခိုလှုံ နေရတယ်။ ကျွန်တော်တို့ တစ်ခါမှ မကြုံဖူး တော့ လွန်စွာ ထိတ်လန့်ချောက်ချားမိတယ်။ ကျွန်တော်က မကွေးတိုင်းကနေလာ အလုပ် လုပ်ရတဲ့အတွက် ဒီမှာအားကိုးရာ မရှိဘူး။ပြေးဟေ့ ပြေးဟေ့ဆိုတော့ ခြေထောက်က မရလို့ လွန်စွာထိတ်လန့်မိပါတယ်။ အားလုံး အဆင်ပြေရင်ကောင်းတာပေါ့။ တစ်ခါမှ မကြုံ ဖူးတော့ ကိုယ့်ရှေ့မှာတင် မှန်နေတာတွေ့ရ၊ မြင်ရတော့ ဒါတွေနောက်ထပ်မဖြစ်ရင် အကောင်းဆုံးပေါ့။
မသန်းသန်းစိန်
++++++++++
၁၀၅ မိုင် မိုင်းယုကျေးရွာ
++++++++++++
မနက်ခင်း သူတို့စပစ်တာ မနက်ပိုင်း ခြောက်နာရီပေါ့နော်။ ၆ နာရီကနေ ၁၀ နာရီအထိ တိုက်ပွဲတွေဖြစ်တယ်။ လက် နက်ကိုင်တွေက ၁၀ နာရီမှာ တပ်စခန်းဘုရား ကုန်းကို သိမ်းတယ်ပေါ့နော်။ နောက် ၁၀၅ မိုင် ရဲစခန်းကိုပါ ၀င်စီးတယ်ပေါ့။ ဒါနဲ့ ရဲ စခန်းက ၁၀ မိနစ်အတွင်း ပြေးရှောင်ကြလို့ ပြောတော့ ကျွန်မတို့လည်း ကြောက်ကြောက် နဲ့ ပြေးတာပေါ့နော်။ ပြေးဟယ် ပြေးဟယ် ပြောဆိုပြေးလွှားနေကြတော့ ကလေးတွေ ကိုခေါ်ပြီး အသက်လုပြေးကြရတာပေါ့။ တစ် ခါမှ ဒီလိုအဖြစ်အပျက်ကြီး မကြုံဖူးတော့ ၀မ်းနည်းရပါတယ်။ ငိုလည်းငိုချင်တယ်၊ အားကိုးလည်းရှာရတာပေါ့။ ဒီအချိန်မှာ ဇေတ၀န်ဘုန်းကြီးကျောင်းက လက်ခံတယ် ဆိုလို့ ဒီကိုလာခဲ့တာပါ။ လာတဲ့အခါမှာလည်း မူဆယ်မြို့နယ်က ပရဟိတအသင်းအဖွဲ့ တွေက ကားကြီးကားငယ်တွေနဲ့ အသက်စွန့် ပြီး ၀ိုင်းဝန်းကူညီကြပါတယ်။ အခုလိုအဖြစ် မျိုးလည်း နောင်ဘယ်သောအခါမှ မကြုံချင် သလို စစ်မဖြစ်ကြရင် အကောင်းဆုံးပါပဲ။စစ်ဖြစ်တော့ ကျွန်မတို့ ကလေးတွေအတွက် ပါ ထိခိုက်နာကျင်ခံစားရပါတယ်။ အခုကျောင်း တွေလည်း ပိတ်ထားတယ်။ ကျွန်မကလေး တစ်ယောက်က စတုတ္ထတန်းလေ၊ စတုတ္ထတန်း ဆိုတော့ အစိုးရစစ်စာမေးပွဲဖြေရမှာ။ သူတို့ တွေရဲ့ ပညာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာတွေအတွက် စိတ်ပူပန်မိပါတယ်။ အခုအချိန်မှာ ၁၀၅ မိုင်ပြန်လို့ ရပြီဆိုရင် တောင် ကျွန်မတို့စိတ်ထဲမှာ လုံခြုံမှုမရှိသေး ဘူးလို့ ခံစားနေရတယ်။ ဘဘုန်းကြီးက ပြန် တော့ဆိုမှ နောက်ဆုံးပြန်ကြမှာပါ။ ကျွန်မ တို့ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့စိတ်က မပြေ သေးပါဘူး။
ကိုထွန်းလူ
+++++++
ဟိုမွန်ရပ်ကွက် မူဆယ်မြို့
++++++++++++
သင်တန်းဖွင့်တဲ့ကာလနဲ့ တိုက်ဆိုင်သွား တာ ဆရာတော်ကိုမေးလိုက်တော့ မဘသ ဆရာတော်တွေက အကုန်လုံးလက်ခံမယ် ဆိုလို့ ကျွန်တော်တို့အဖွဲ့လုပ်အားလာပေးတာပါ။ အခုလို နေရပ်စွန့်ခွာ စစ်ရှောင်တွေ ကို မြင်ရတော့ များစွာစိတ်မကောင်းဖြစ်မိ တယ်။ ပြောမယ်ဆိုရင် မဖြစ်သင့်တာ ဖြစ် သွားတာ တောထဲက လက်နက်ကိုင်တွေ ပြည် သူလူထုတွေကိုတော့ မလုပ်သင့်ဘူး။ စား ပွဲဝိုင်းမှာရှင်းတာ အကောင်းဆုံးပဲ။ ပြည်သူ လူထုတွေကိုပါ ပစ်တယ်ဆိုတော့ မကောင်း ဘူး။ အခုတော့ ကျွန်တော်တို့နဲ့အတူ မူဆယ် မြို့ ပရဟိတအသင်းတွေပါ ၀ိုင်းဝန်းကူညီ နေကြပါတယ်။ ကျွန်တော်တို့အားလုံး နေ့ည မအိပ်ကူညီနေကြပါတယ်။
ကိုဥဏ်လင်းအောင်
++++++++++
၁၀၅ မိုင် မိုင်းယုကျေးရွှာ
++++++++++
ဒီကို ၂၀ ရက်နေ့ကတည်းက ရောက်တာ ပါ။ ရုံးထဲက အလုပ်သမားဝန်ကြီးဌာနမှာ တန်းစီနေတုန်း ပစ်ခတ်ကြလို့ ပြေးရင်းလွှားရင်း အသိ အိမ်ကို ပြေးကြရတယ်။ ဒီလိုနဲ့ ၁၀၅ မိုင်မှာ ၁၀ မိနစ်အတွင်းရှောင်ဆိုတော့ ကျွန်တော်လည်း မိသားစုနဲ့အတူ စစ်ရှောင် လာခဲ့ရတာပါ။ စားဝတ်နေရေးအဆင်မပြေ တော့ အတော်လေးဒုက္ခရောက်ရပါတယ်။ ဒီဇေတ၀န်ကျောင်းက ဘုန်းကြီးတွေက လက်ခံတယ်ဆိုလို့ ဒီကိုရောက်လာတာပါ။ ကျွန်တော်တို့ ၁၀၅ မိုင်ကိုရောက်တာ ခုနှစ် အတော်ကြာခဲ့ပေမယ့် ဒီလိုဖြစ်ပျက်မှုမျိုး တစ်ခါမှ မကြုံဖူးတော့ ၀မ်းနည်းကြေကွဲမိပါ တယ်။

No comments:

Post a Comment