Saturday, November 19, 2016

"ရခိုင်ပြည်နယ် လုံခြုံရေးမှာ ပါဝင်ကူညီကြမယ့် ဒေသန္တရ တပ်ဖွဲ့တွေ"

မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးကဏ္ဍကို အားဖြည့် ကူညီဖို့အတွက် ဒေသန္တရ တပ်ဖွဲ့တွေ စတင်တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေက ရခိုင်လူငယ် အများစု အပါအဝင် ဒေသခံတွေ စုစည်းထားတဲ့ ဒေသန္တရ တပ်ဖွဲ့တွေကို စတင်လေ့ကျင့်ပေးနေပါပြီ။ အဖွဲ့ဝင် ၁၁၆ ဦးလောက် ပါဝင်တဲ့ တပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်မှာ အရန်ရဲတပ်ဖွဲ့ သဘောမျိုး တာဝန်ထမ်းဆောင်ကြမယ်လို့ သိရပါတယ်။ ရခိုင်မှာ ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် ဒေသခံတွေရဲ့ လုံခြုံရေးကို ကူညီ စောင့်ရှောက်ဖို့ အခုအစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၀ ဝန်းကျင် လူငယ်လူရွယ်တွေ စုစည်းထားတဲ့ ဒေသန္တရ တပ်ဖွဲ့ဟာ စစ်တွေမှာ သင်တန်းတက်နေပြီး သီတင်း ၁၆ ပတ်လောက် အတွင်း တင်းမာမှုတွေ မြင့်တက်နေတဲ့ ရခိုင်ပြည်န် မြောက်ပိုင်းက နယ်ခြားစောင့်စခန်းတွေမှာ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ သင်တန်းပို့ချမှု အစီအစဉ်တွေဟာ ပုံမှန်ထက် ၂ လလောက် ပိုပြီး တိုတောင်းမှာ ဖြစ်ပေမယ့် လက်ရှိ အခြေအနေတွေအရ ဒေသန္တရ တပ်ဖွဲ့တွေကို မြန်မြန်ဆန်ဆန် အသုံးပြုဖို့ လိုအပ်နေပါတယ်။ သင်တန်းကာလ အတောအတွင်းမှာ လက်နက်ကိုင် ပစ်ခတ်နည်း၊ ကိုယ်ခံပညာ၊ အဓိကရုဏ်း ထိန်းချုပ်ရေးဆိုင်ရာ ပညာရပ်တွေကို ပို့ချသွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment